အမေရိကန်နိုင်ငံက ဒီမိုကရက်ပါတီ သမ္မတလောင်း ကိုယ်စားလှယ် ဟီလာရီ ကလင်တန်ဟာ မတ်လ ၁ ရက် အင်္ဂါနေ့မှာ ကျင်းပတဲ့ ကနဦး ရွေးကောက်ပွဲမှာ အကြီးအကျယ် အနိုင်ရခဲ့ပါတယ်။
အလာဘားမား၊ ဂျော်ဂျီယာ၊ တင်းနက်စီ၊ အာကဲင်းဆတ်နဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ အနိုင်ရနေတာပါ။
နောက်ဆုံးရလဒ်တွေအရ ဒီမိုကရက်ပါတီဘက်က ဟီလာရီ ကလင်တန်၊ ရီပတ်ဗလစ်ကန်ပါတီဘက်က ဒေါ်နယ်လ် ထရမ့်တို့က သက်ဆိုင်ရာ ပါတီတွေကို ကိုယ်စားပြုတဲ့ သမ္မတလောင်းတွေအဖြစ် လာမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အလားအလာ ပိုကောင်းလာပါတယ်။
၂၀၁၆ မဲဆွယ်ပွဲရဲ့ အကြီးဆုံး မဲပေးတဲ့ညမှာ ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ရေး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်ဟာ အမေရိကန်နိုင်ငံမှာ သမ္မတသက်တမ်း ၂ ကြိမ် ထမ်းဆောင်ခဲ့တဲ့ ဘီလ်ကလင်တန်ရဲ့ ဇနီးလည်း ဖြစ်ပါတယ်။
တက္ကဆက်နဲ့ အိုကလာဟိုးမား ပြည်နယ်တွေမှာတော့ ရီပတ်ဗလစ်ကန်ပါတီတွင်း ဒေါ်နယ်ထရမ့်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ တက်ဒ်ခရုဇ်က ဒေါ်နယ်ထရမ့်ကို နိုင်ခဲ့ပါတယ်။
ဟီလာရီရဲ့ အဓိကပြိုင်ဘက် ဘာနီ ဆန်ဒါစ်က သူ့ရဲ့ပြည်နယ် ဗားမောင့်မှာ အနိုင်ရခဲ့ပါတယ်။
အင်္ဂါနေ့က အမေရိကန်နိုင်ငံတလွှား ဂျော်ဂျီယာကနေ အလာစကာအထိ ပြည်နယ်ပေါင်း ၁၂ ပြည်နယ်မှာ မဲဆန္ဒရှင်တွေက မဲပေးခဲ့ကြပါတယ်။
5 years Ago