အမေရိကန်နှင့် ထိုင်ဝမ်ကြား စစ်ရေးအပြန်အလှန်ဆက်ဆံမှု လက်မခံဟု တရုတ် ပြော

July 18, 2017

အမေရိကန်နှင့် ထိုင်ဝမ်ကြား စစ်ရေးအပြန်အလှန်ဆက်ဆံမှု လက်မခံဟု တရုတ် ပြော

အမေရိကန်နဲ့ ထိုင်ဝမ်ကြား ဘယ်လိုပုံစံမျိုးနဲ့လုပ်တဲ့ စစ်ရေးအပြန်အလှန်ဆက်ဆံမှုမျိုးကိုမှ တရုတ်က လက်မခံဘူးလို့ ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လူကန်က "အမေရိကန် အောက်လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားကာကွယ်ရေး အာဏာ အင်နှင်းခြင်းဥပဒေ (The National Defense Authourization Act) မှာ အနုတ်လက္ခဏာဆောင်တဲ့ အချက်တွေ ပါနေပါတယ်။ အဲဒီဥပဒေမှာ အမေရိကန်နဲ့ ထိုင်ဝမ် စစ်သင်္ဘောတွေ အပြန်အလှန် လည်ပတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လေ့လာဆန်းစစ်ချက်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးက ကွန်ဂရက်လွှတ်ေ်တ်ာကို တင်ပြရမယ်ဆိုတဲ့ အချက်တွေပါ။ ဒီအချက်တွေဟာ အမေရိကန်က လက်ခံထားတဲ့ တရုတ်ပြည်တပြည်တည်းဆိုတဲ့ မူဝါဒကိုရော၊ အမေရိကန်-တရုတ် ပူးတွဲကြေညာချက် ၃ စောင်ရဲ့ အခြေခံမူတွေကိုရော ပြင်းပြင်းထန်ထန် ချိုးဖောက်တာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ထိုင်ဝမ်အကြား ဘယ်လိုပုံစံနဲ့မဆို ပြုလုပ်တဲ့ တရားဝင်ဆက်ဆံရေးကိုရော၊ စစ်ရေးဆက်ဆံရေးကိုပါ တရုတ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်ဆိုတာ ကျနော် ဒီနေရာကနေ ထပ်ပြောလိုပါတယ်" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
5 years Ago
Up