အမေရိကန်နှင့်စစ်ဖြစ်ပါက

April 15, 2017

အမေရိကန်နှင့်စစ်ဖြစ်ပါက နိုင်မှာသေချာကြောင်း မြောက်ကိုရီးယား ပြော

အမေရိကန်နဲ့စစ်ဖြစ်ရင် မြောက်ကိုရီးယားက သူတို့နိုင်မှာသေချာတယ်လို့ မတ်လ ၁၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။ အမေရိကန် ရေတပ်ချီတပ်လာတဲ့ အပေါ်မှာလည်း ကိုရီယားကျွန်းဆွယ်မှာ နျူကလီးယားစစ်ပွဲဖြစ်အောင် လုပ်နေတယ်လို့ မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ ပိတ်ဆို့တားမြစ်မှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ အနေနဲ့ မြောက်ကိုရီးယားက ဒုံးကျည်တစ်လုံးစမ်းသပ်ပြီးတဲ့ နောက်မှာ တင်းမာမှုတွေဟာ မြင့်တက်လာခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့အပတ်က ဆီးရီးယားလေယာဉ်ကွင်းကို တိုမာဟော့ခ်ဒုံးကျည် ၅၉ လုံး ပစ်ခတ်ခဲ့ပြီးတဲ့ အချိန်ကစပြီး မြောက်ကိုရီးယားအပေါ် သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ် ဘယ်လိုရှိမလဲဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ အမေရိကန်ကလည်း မြောက်ကိုရီးယားကို သည်းခံနိုင်တဲ့ အတိုင်းအတာကျော်နေပြီလို့ သတိပေးထားခဲ့ပြီး အမေရိကန် ဒု-သမ္မတ မိုက်ခ် ပန့်စ်ဟာ အာရှခရီးစဉ် ၁၀ ရက်အဖြစ် လာမယ့်တနင်္ဂနွေနေ့မှာ တောင်ကိုရီးယားကို စတင်သွားရောက်မှာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up