အမေရိကန်နိုင်ငံရေးသမား

May 3, 2019

အမေရိကန် နိုင်ငံရေးသမားအချို့၏ အကောင့်များကို ဖေ့စ်ဘွတ်ခ် တားမြစ်

ဖေ့စ်ဘွတ်ခ်ကော်ပိုရေးရှင်းဟာ လက်ယာစွန်းဝါဒီ ရေဒီယိုအစီအစဉ် တင်ဆက်သူ အဲလက်စ်ဂျုံးစ်နဲ့ တခြား အမေရိကန် နိုင်ငံရေးသမားတချို့ရဲ့ အကောင့်တွေကို တားမြစ်ခဲ့တယ်လို့ မေလ ၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ်အကောင့် ဖယ်ရှားခံရသူတွေထဲမှာ အစီအစဉ်တင်ဆက်သူတွေ ဖြစ်တဲ့  မိုင်လို ယင်နာပိုလစ်၊ လော်ရာ လွန်းနားနဲ့ ပေါလ် ဂျိုးဆက် ဝပ်ဆင်တို့ ပါဝင်ပြီး ဖေ့စ်ဘွတ်ခ်က သူတို့ဟာ “အန္တရာယ်ရှိ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းများဆိုင်ရာ မူဝါဒတွေ” ကို ချိုးဖောက်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဖေ့စ်ဘွတ်ခ်ဟာ ၂၀၁၈ အမေရိကန်လွှတ်တော် ရွေးကောက်ပွဲ ဝင်ရောက်ခဲ့တဲ့ လူဖြူကြီးစိုးရေးဝါဒီ ပေါလ်နယ်လန်နဲ့ လူမည်းခွဲထွက်ရေးဝါဒ ဟောကြားသူ Nation of Islam ခေါင်းဆောင် လူးဝစ် ဖာရ်ခန်တို့ရဲ့ အကောင့်တွေကိုလည်း ဖယ်ရှားခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ တားမြစ်လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တဲ့ အကောင့်တွေ၊ ပေ့ခ်ျတွေ၊ ဂရုပ်တွေနဲ့ events တွေကို သူ့ရဲ့ ပင်မ ဆိုရှယ်နက်ဝါ့ခ်နဲ့ အင်စတာဂရမ်မှာပါ ဖယ်ရှားမှာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုနဲ့ အမုန်းတရား ပြန့်ပွားရေးလုပ်တဲ့ ဘယ်သုံးစွဲသူကိုမဆို တားမြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်က ဆိုပါတယ်။ အဲဒီအကြမ်းဖက်မှုနဲ့ အမုန်းတရား ပြန့်ပွားရေး လုပ်တဲ့ အကောင့်တွေကို မဖယ်ရှားခင် ဖေ့စ်ဘွတ်ခ်က follower တွေ တခြား ဆိုရှယ်မီဒီယာကို ပြောင်းလဲအသုံးပြုဖို့ရာ အကောင့်ပိုင်ရှင်တွေကို အချိန်ပေးပြီးမှ တားမြစ်ချက်ကို ကြေညာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up