အမေရိကန်နိုင်ငံ

A d v e r t i s e m e n t With Us

April 26, 2019

အမေရိကန်နိုင်ငံမှ ၃ နှစ်သားခွေးကလေး အလှဆုံး ခွေးဘီလူးဆုရရှိ (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ခွေးအလှပြိုင်ပွဲမှာ အသက် ၃ နှစ်အရွယ်သာရှိသေးတဲ့ ခွေးဘီလူးလေးတကောင်က အနိုင်ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာကတော့ လူတွေရဲ့ အလှမောင်မယ်ပြိုင်ပွဲတွေမှာလို ဆွဲဆောင်မှုရှိတဲ့ ညနေခင်း ပွဲတက်ဝတ်စုံတွေ မလိုအပ်လှပါဘူး။ အိုင်အိုဝါပြည်နယ်၊ ဒရိတ်ခ်တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲကိုတော့ လာ ရောက်ကြည့်ရှုအားပေးကြသူတွေ ထောင်နဲ့ချီ ရှိခဲ့ပြီး အမျိုးမျိုးသော အရည်အသွေးတွေ၊ စွမ်းရည်တွေကို ပြသခဲ့ကြတာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်တဲ့ ခွေးဘီလူးလေးတွေရဲ့ အမူအကျင့်၊ ဟန်ပန်တွေကို အကဲဖြတ်အမှတ်ပေးပြီး ရွေးချယ်ခဲ့တဲ့ ဒီပြိုင်ပွဲရဲ့ ဆုရှင်ကတော့ ဘိုးရ်အမည်ရတဲ့ ၃ နှစ်သား ခွေးကလေး ဖြစ်ကာ ကျောင်းရဲ့ ကိုယ်စားပြုခွေးကလေးတကောင် ဖြစ်လာခဲ့ပါပြီ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆန်းပြားတဲ့ ထူးခြားပြိုင်ပွဲဝင်ခွေးကလေးတွေရဲ့ ချစ်စရာ အပြုအမူတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။
2 years Ago

October 1, 2016

အမေရိကန်တွင် ရထားတစီးလမ်းချော်ပြီး ဘူတာဝင်တိုက်၊ ၃ ဦးသေဆုံး (ရုပ်သံ)

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ဟိုဘိုကန် မြို့က ဘူတာမှာ ရထားတစီး လမ်းချော်ပြီး ဘူတာကို ဝင်တိုက်ခဲ့လို့ လူ ၃ ယောက် သေဆုံးပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာရတယ်လို့ အမေရိကန် မီဒီယာနဲ့ ဘူတာအရာရှိ တယောက်က ပြောပါတယ်။ လူအများအပြား ဒဏ်ရာ အပြင်းအထန် ရတယ်လို့ နယူးဂျာစီ ဘူတာ ပြောခွင့်ရ ဂျနီဖာ နယ်လ်ဆန်က သတင်းထောက်တွေကို ပြောပါတယ်။ မတော်တဆမှုကြောင့် ဘူတာတွင်း လူတွေ ဝင်ထွက် သွားလာရာ လမ်းတလျှောက် ကြိတ်ချောသွားပုံရတဲ့ ရထားတွဲကို မြင်ရပါတယ်။ ဘူတာအမိုး ပြိုကျပြီး အပျက်အစီးတွေ ပြန့်ကျဲနေပါတယ်။ ခရီးသည် အများအပြား ပိတ်မိနေတယ်လို့ အစီရင် ခံထားကြောင်း ABC သတင်းဌာနက သူ့အင်တာနက် စာမျက်နှာမှာ ဖော်ပြပါတယ်။ ဟိုဘိုကန်မြို့ဟာ နယူးယောက် မြို့ တဖက်ခြမ်း ဟဒ်ဆန်မြစ် အနောက်ဘက် ကမ်းပေါ်မှာ ရှိပါတယ်။ ဘူတာကတော့ မြို့လယ်ဒေသ အစည်ကားဆုံး ဘူတာတွေထဲက တခု ဖြစ်ပါတယ်။
4 years Ago
Up