အမေရိကန် အစိုးရရဲ့ ကန့်သတ်ချက်တွေဟာ ဈေးကွက်တွေကို သက်ရောက်နေတယ်လို့ ဂျပန် အစိုးရက ပြောလိုက်ပါတယ်။
တရုတ်ရဲ့ ဥာဏပစ္စည်းမူပိုင်ခွင့် ချိုးဖောက်မှုကို အမေရိကန်လိုပဲ ဂျပန်လည်းစိုးရိမ်တယ်လို့ ဂျပန်ရဲ့ ထိပ်တန်း အစိုးရ ပြောခွင့်ရက မတ်လ ၂၃ ရက်နေ့မှာ ပြောပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာမယ့် လုပ်ဆောင်ချက်တွေဟာ နိုင်ငံတကာ ကုန်သွယ်ရေး စည်းမျဉ်းတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။
အမေရိကန်နိုင်ငံထဲကို တင်သွင်းမယ့် တရုတ်ကုန်စည်တွေကို ထပ်ဆောင်းခွန် အမေရိကန်ဒေါ်လာ ဘီလျံ ၆၀ ဖိုး ကောက်ခံဖို့ ပစ်မှတ်ထားတဲ့ သမ္မတအဆင့် စာချုပ်မူကြမ်းကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၂၂ ရက်နေ့မှာ လက်မှတ်ထိုး ခဲ့တာပါ။
သံမဏိနဲ့ အလူမီနီယံတို့ ပြည်တွင်းတင်သွင်းမှုအပေါ် ကောက်ခံမယ့် အမေရိကန်ရဲ့ ထပ်ဆောင်းခွန် အသစ်ကို ဥရောပ သမဂ္ဂ၊ မက်ဆီကိုနဲ့ ကနေဒါ အပါအဝင် မိတ်ဘက်နိုင်ငံတွေ အပေါ် မကျင့်သုံးမယ့် အလားအလာ ရှိနေတာပါ။
ဂျပန်ကလည်း ခြွင်းချက်ပေးခံရတဲ့ နိုင်ငံစာရင်းထဲမှာ မပါမှာကို စိုးရိမ်နေတယ်လို့ ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှိဟိဒဲ စုငက မှတ်ချက်ပေး ပြောဆိုပါတယ်။
အမေရိကန်ရဲ့ ကုန်သွယ်ရေး လုပ်ဆောင်ချက် သတင်းဟာ ငွေကြေး ဈေးကွက်ကိုလည်း သက်ရောက်ပုံရတယ်လို့ သူက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ငွေကြေးဈေးကွက် တည်ငြိမ်ရေးက အရေးကြီးတယ်လို့ ယူဆတယ်။ ဈေးကွက် လှုပ်ရှားမှုကို အရေးပေါ် အသိစိတ်နဲ့ စောင့်ကြည့်မယ်လို့ သူက ဆက်ပြောပါတယ်။
ဂျပန် ယန်းငွေတန်ဖိုး ဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် သောကြာနေ့က ၁၆ လ အတွင်း အမြင့်ဆုံး ဖြစ်ခဲ့တာပါ။
ကမ္ဘာ့ ကုန်သွယ်ရေး တင်းမာမှု တိုးလာမှာ စိုးရိမ်မှုတွေ ပေါ်ထွက်ခဲ့ ပါတယ်။
3 years Ago