အမေရိကန်ပြည်ထောင်စု၏ အမျိုးသားသင်္ကေတ ဖြစ်လာသည့် အမွေးထူပြောင်

May 10, 2016

အမေရိကန်ပြည်ထောင်စု၏ အမျိုးသားသင်္ကေတ ဖြစ်လာသည့် အမွေးထူပြောင်

အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား သင်္ကေတအဖြစ် နို့တိုက်သတ္တ၀ါ အမွေးထူပြောင်ကို ရွေးချယ်လိုက်ပါတယ်။ ဧပြီ ၉ ရက်က အမေရိကန် သမ္မတ အိုဘားမားက အမွေးထူပြောင်ကို နိုင်ငံသင်္ကေတ အဖြစ် လက်မှတ်ရေးထိုး ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ ဒီရွေးချယ်မှုက အရင်က နိုင်ငံသင်္ကေတအဖြစ် ရွေးချယ်ထားတဲ့ ခေါင်းနဲ့ အမြီးဖြူ လင်းယုန်ကိုတော့ တစုံတရာ ထိခိုက်မှု ရှိမှာ မဟုတ်ပါဘူး။ ဒီပြောင်တွေဟာ မြောက်အမေရိကတိုက်မှာ အကြီးဆုံး နို့တိုက်သတ္တ၀ါထဲမှာ ပါဝင်ပြီး အရွယ်ရောက်တဲ့ အကောင်ဟာ တတန်နီးပါးအထိရှိတတ်သလို အထီးတွေက ၆ ပေလောက် အထိမြင့်ပြီး တနာရီကို ၃၅ မိုင်အထိ ပြေးနိုင်လောက်အောင် လျင်မြန်လှပါတယ်။ ၁၉ ရာစုမှာတော့ ကြီးမားတဲ့ အရွယ်အစားကြောင့်နဲ့ အုပ်စုလိုက် ခရီးထွက်လေ့ရှိတဲ့ အလေ့အထကြောင့် မုဆိုးတွေရဲ့ ပစ်မှတ် ဖြစ်ခဲ့ပါတယ်။ ဒီနောက်မှာ ဒီပြောင်တွေ အရေအတွက်ဟာ ထောင်လောက်သာ ကျန်ရှိပါတော့တယ်။ ၁၉၀၅ ခုနှစ်နောက်ပိုင်းမှ သမ္မတ သီယိုဒို ရုစဗဲ့က ပြောင်တွေကို ကာကွယ်ရေး လုပ်ဆောင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ၅ သိန်းနီးပါး ရှိနေပါတယ်။ အမေရိကန် ပြောင်တွေကို အမှတ်တံဆိပ်တွေ အလံတွေပေါ်မှာ အမှတ်အသားအဖြစ် ပါရှိနေတာကို တွေ့ရှိနိုင်ပါတယ်။
6 years Ago
Up