အမေရိကန်ပြည်ထောင်စု

June 17, 2019

နေအိမ်တွင်း သံသယဖြစ်ဖွယ် တွေ့ရှိ၍ ရဲတပ်ဖွဲ့ ရှာဖွေ၊ သမင်တကောင် ဖြစ်နေ(ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊  တက္ကဆက်ပြည်နယ်က နေအိမ်တလုံးထဲကို မသင်္ကာစရာ လူတဦး ဝင်ရောက်နေတယ်လို့ အိမ်ရှင်တွေက ယူဆခဲ့ပေမယ့် လက်တွေ့မှာတော့ သမင် လေးတကောင်ဖြစ်နေပါတယ်။ ဒီဖြစ်ရပ်ဟာ ဇွန်လ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်ပိုင်ရှင်ဖြစ်သူက သူ့အိမ်ထဲကို မသင်္ကာတာကြောင့် ရဲတပ်ဖွဲ့အားဖုန်းခေါ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက အိမ်ထဲကို ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာမှတ်တမ်းတွေအရ ရဲတပ်ဖွဲ့ဝင်တွေက အိမ်ထဲကလူကို ထွက်လာဖို့ အော်ဟစ်အမိန်ပေးခဲ့ပြီး အဲ့ဒီနောက်မှာတော့ အိမ်ထဲရောက်နေတာ လူမဟုတ်ဘဲ သမင်မတကောင်ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလို ငိုအားထက် ရယ်အားသန်စရာဖြစ်ရပ်မှာ ရဲတပ်ဖွဲ့ဝင်တွေက သမင်ကို အိမ်အပြင်ထွက်နိုင်ဖို့ ကူညီလမ်းပြ ပေးခဲ့ရပြီးနောက်ပိုင်းမှာတော့ သမင်လေးဟာ အိမ်အပြင်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါတယ်။ တက္ကဆက်ပြည်နယ်မှာ မြွေတို့၊ ရှဉ့်တို့လို သတ္တဝါငယ်လေးတွေဟာ လူနေအိမ်တွေထဲ မကြာခဏရောက်ရှိလာလေ့ရှိပေမယ့် သမင်လို အကောင်ကြီးမျိုး ရောက်ရှိလာတာကတော့ ရှားပါးဖြစ်စဉ်လို့ ရဲတပ်ဖွဲ့က ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago

January 5, 2017

အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့တွင် ၂၀၁၆ နှစ်သည် လူသတ်မှု အများဆုံးနှစ်ဖြစ်

အမေရိကန်ပြည်ထောင်စုက ချီကာဂိုမြို့ဟာ ပြီးခဲ့တဲ့နှစ်က လူသတ်မှုအများဆုံးနှစ်ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း လူသတ်မှုအများဆုံး ဖြစ်ပွာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က လူသတ်မှု ၇၆၂ လူသတ်မှု ရှိခဲ့တယ်လို့ ချီကာဂိုရဲတပ်ဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး နယူးယောက်မြို့နဲ့ လော့အိန်ဂျလိဒ်မြို့ ၂ မြို့ပေါင်း လူသတ်မှုထက်တောင် ပိုများပါတယ်။ ၂၀၁၅ ခုနှစ်ကတော့ လူသတ်မှု ၄၈၅ မှုဖြစ်ခဲ့တဲ့အတွက် ၅၇ ရာခိုင်နှုန်း တိုးမြင့်လာတာလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ သေနတ်ပစ်ခတ်မှုတွေလည်း အရင်တနှစ်ကထက် ၄၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၃၅၅၀ မှု ဖြစ်ပွားခဲ့တယ်လို့ ချီကာဂိုရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ တရားမ၀င်လက်နက်မှု ဖမ်းဆီးရမှုဟာလည်း ၂၀၁၅ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။ အခု လူသတ်မှုနဲ့ ပစ်ခတ်မှုတွေ အများဆုံး ဖြစ်ခဲ့တဲ့မြို့နယ်တွေဟာ ချီကာဂိုမြို့ရဲ့ တောင်ပိုင်းနဲ့ အနောက်ပိုင်းမြို့နယ်တွေမှာ ဖြစ်ပြီး ဆင်းရဲတဲ့ အမေရိကန်လူနည်းစုတွေ နေထိုင်ကြတဲ့မြို့နယ်တွေလည်း ဖြစ်ပါတယ်။ အီလီနွိုက်ပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့် အတင်းကျပ်ဆုံးပြည်နယ်တခု ဖြစ်ပေမယ့်လည်း သေနတ်ပစ်ခတ်မှုတွေနဲ့ လူသတ်မှုတွေ အများဆုံးပြည်နယ်ဖြစ်နေတာပါ။
5 years Ago
More News
Up