အမေရိကန်ရွေးကောက်ပွဲ လွှတ်တော် ၂ ရပ်စလုံးတွင် ရီပတ်ဗလစ်ကန် အသာရနေ

A d v e r t i s e m e n t With Us

November 9, 2016

အမေရိကန်ရွေးကောက်ပွဲ လွှတ်တော် ၂ ရပ်စလုံးတွင် ရီပတ်ဗလစ်ကန် အသာရနေ

လက်ရှိအချိန်ထိ ထွက်ပေါ်နေတဲ့ အမေရိကန်ရွေးကောက်ပွဲ ရလဒ်တွေအရ ရီပတ်ဗလစ်ကန်ပါတီက ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီကို ဆီးနိတ်အထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာပါ အသာရနေပါတယ်။ မြန်မာစံတော်ချိန် မနက် ၁၁ နာရီခွဲလောက်ထိ ရေတွက်ပြီးမဲရလဒ်တွေအရ ဆီးနိတ် အထက်လွှတ်တော်မှာ ရီပတ်ဗလစ်ကန်ပါတီက ၄၈ နေရာ၊ ဒီမိုကရက်တစ်ပါတီက ၄၅ နေရာ ရနေပြီး အောက်လွှတ်တော်မှာတော့ ရီပတ်ဗလစ်ကန်ပါတီက ၂၁၆ နေရာ၊  ဒီမိုကရက်တစ်ပါတီက ၁၅၃ နေရာ ရနေပါတယ်။ နိုဝင်ဘာ ၈ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့အတူ လွှတ်တော်ရွေးကောက်ပွဲတွေကိုလည်း တပြိုင်နက်တည်း ကျင်းပတာဖြစ်ပါတယ်။ လက်ရှိ လွှတ်တော်နှစ်ရပ်စလုံးမှာလည်း ရီပတ်ဗလစ်ကန်တွေက အမတ်နေရာအများစုနဲ့ စိုးမိုးထားတာ ဖြစ်ပါတယ်။ အလားတူ လက်ရှိထွက်ပေါ်နေတဲ့ သမ္မတရွေးပွဲရလဒ်တွေအရ ရီပတ်ဗလစ်ကန် သမ္မတလောင်း  ဒေါ်နယ်ထရမ့်က ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်ကို အသာစီးရနေပါတယ်။
4 years Ago
Up