ရီပတ်ဘလစ်ကန် အမာခံနယ်မြေ ဗာဂျီးနီးယားပြည်နယ်မှာ ဒီမိုကရက်ပါတီ ကိုယ်စားလှယ်လောင်း ဂျနီဖာဝက်စ်တန်က ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဘာဘရာကောမ်စတော့ကို အနိုင်ရသွားပါတယ်။
ဒီမိုကရက်တွေရဲ့ အခုအောင်ပွဲဟာ ရီပတ်ဘလစ်ကန်တွေရဲ့ ဆယ်စုနှစ်များစွာ မြောက်ပိုင်း ဗာဂျီးနီးယားလွှတ်တော် အမတ်နေရာ ထိန်းချုပ်မှုကို အဆုံးသတ်သွားစေခဲ့ပါတယ်။
အခုရွေးကောက်ပွဲဟာ ထရမ့်ဆန့်ကျင်ရေး စွမ်းအားကို ရွေးကောက်ပွဲအောင်ပွဲအဖြစ် ပြောင်းလဲနိုင်မလားဆိုတာ စမ်းသပ်မှုလည်း ဖြစ်ပါတယ်။
အောက်လွှတ်တော်အတွက် လိုအပ်တဲ့ အမတ် ၂၃ နေရာရဖို့ ဒီမိုကရက်တွေ အားသာတယ်ဆိုပြီး ရွေးကောက်ပွဲ ခန့်မှန်းသူတွေက ဆိုပါတယ်။
ဒါပေမယ့် လူထုသဘောထား စစ်တမ်းမှာတော့ ဒီမိုကရက်တွေဟာ အထက်လွှတ်တော်ကို ထိန်းချုပ်ဖို့ရာ လိုအပ်တဲ့ အမတ်နေရာ နှစ်ခုရရှိဖို့ အခွင့်အလမ်းနည်းတယ်လို့ ဖော်ပြပါတယ်။
အခု အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲဟာ အောက်လွှတ်တော်အမတ် ၄၃၅ နေရာစလုံး၊ အထက်လွှတ်တော်အမတ် ၃၅ နေရာနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူး ၃၆ နေရာအတွက် ဆန္ဒမဲပေး ရွေးချယ်မှာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago