အမေရိကန်ရောက် ထိုင်းအလှမယ်က ဘုရင်ကြီးကို ၀မ်းနည်းမျက်ရည်ဖြင့် ဂါရ၀ပြု (ရုပ်သံ)

A d v e r t i s e m e n t With Us

October 15, 2016

အမေရိကန်ရောက် ထိုင်းအလှမယ်က ဘုရင်ကြီးကို ၀မ်းနည်းမျက်ရည်ဖြင့် ဂါရ၀ပြု (ရုပ်သံ)

၂၀၁၆ ခုနှစ် Miss Grand International ပွဲအတွက် အမေရိကန်နိုင်ငံ လက်စ်ဗီးဂက်စ်မှာရောက်နေတဲ့ ထိုင်းအလှမယ် Supaporn Malisorn ဟာ ဘုရင်ကြီးနတ်ရွာစံသွားတဲ့အတွက် ဝမ်းနည်းခြင်းအထိမ်းမှတ် ဂါရ၀ပြုပွဲတရပ်ကို သူ့အဖွဲ့သားတွေနဲ့ ပြုလုပ်ခဲ့ပါတယ်။ miss2ထိုင်းဘုရင်ကြီး ကံတော်ကုန်ခဲ့တဲ့အကြောင်း ကြားသိရတဲ့အချိန်မှာ သူမရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂက်စ်ရဲ့ အလှမယ်ပြိုင်ပွဲတစ်နေရာမှာ သူမရဲ့အဖွဲ့သားတွေနဲ့အတူ ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင် ဝတ်စုံတွေ ဝတ်ဆင်ပြီး ဘုရင်ကြီးပုံကို ထိုင်းရိုးရာအစဉ်အလာနဲ့အညီ ဂါရ၀ပြုခဲ့ကြပါတယ်။ miss1တိုင်းပြည်ရဲ့စည်းလုံးညီညွတ်ရေးအတွက် အမြဲတမ်းစွမ်းဆောင်နိုင်ခဲ့လို့ ထိုင်းပြည်သူပြည်သားတွေ ချစ်မြတ်နိုးကြတဲ့ ဘုရင်ဘူမိဘောဟာ နန်းသက် ၇၀ ကြာတဲ့ ကမ္ဘာ့နန်းသက်အရှည်ဆုံး ဘုရင်တစ်ပါးဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်နေ့က ကံတော်ကုန်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up