ပီရူးအာဏာပိုင်တွေဟာ နိုင်ငံမြို့တော် လီမာတလွှား မေ ၂၅ ရက်က သီးခြား စစ်ဆင်ရေးတွေအတွင်း အမေရိကန်ဒေါ်လာ၊ ယူရိုငွေနဲ့ ပီရူးငွေစက္ကူ အတုတွေ ၈ သန်းကျော် သိမ်းဆည်းရမိခဲ့ပါတယ်။
မြို့တော်တွင်း ခရိုင် ၃ ခုက နေရာ ၃ ခုကို စီးနင်းခဲ့ရာမှာ သံသယရှိသူ ၅ ယောက်ကို ဖမ်းခဲ့တယ်လို့ ရဲက ပြောပါတယ်။
သူတို့ဟာ ငွေစက္ကူအတုတွေ ပုံစံထုတ်၊ ထုတ်လုပ်ဖြန့်ဝေရာမှာ ပါဝင်တယ်လို့ သံသယရှိသူတွေ အားလုံးကို ဖမ်းခဲ့ပြီးပြီလို့ ယုံကြောင်းလည်း ပြောပါတယ်။
ပီရူးဟာ ငွေစက္ကူအတုလုပ်ရာမှာ ကမ္ဘာ့ခေါင်းဆောင်တနိုင်ငံ ဖြစ်လာနေတယ်လို့လည်း အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
5 years Ago