အမေရိကန်ဆွေးနွေး

February 14, 2019

ကုန်သွယ်ရေးစစ်ပွဲ အရှိန်ထပ်မြင့်မလာစေရန် တရုတ်နှင့် အမေရိကန်ဆွေးနွေး

တရုတ်ဒုဝန်ကြီးချုပ် လျိုဟော့ဟာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗန်မနူချင်နဲ့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ် လိုက်သီဇာတို့ကို တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာ ဖေဖော်ဝါရီ ၁၄ရက်က တွေ့ဆုံဆွေးနွေးပါတယ်။ နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိအဆင့် ကုန်သွယ်ရေး ဆွေးနွေးပွဲစချိန်မှာ ခုလို တွေ့ဆုံတာပါ။ နောက်ထပ်ထပ်ဆောင်းခွန် ကောက်ခံမယ့် ကုန်သွယ်ရေး စစ်ပွဲ အရှိန်မြင့် မလာခင် မတ်လ ၁ရက် နောက်ဆုံးရက် သတ်မှတ်ချက် မတိုင်ခင်မှာ ကမ္ဘာ့အကြီးဆုံး စီးပွားရေး အင်အားကြီး နိုင်ငံကြီး နှစ်နိုင်ငံအကြား သဘောတူညီချက်ရဖို့ ကြိုးစားနေကြတာပါ။ ဒီဆွေးနွေးပွဲတွေဟာ သောကြာနေ့မှာ  ပြီးဆုံးမှာဖြစ်ပြီး တကယ်လို့ ဆွေးနွေးပွဲတွေကနေ သဘောတူညီချက်မရရင် တရုတ်က အမေရိကန်ကို တင်ပို့နေတဲ့ အမေရိကန် ဒေါ်လာ ဘီလျံ၂၀၀တန် ကုန်စည်တွေအပေါ် လက်ရှိ ကောက်နေတဲ့ အခွန် ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံဖို့ စီစဉ် ထားပါတယ်။ အခွန်တိုးမြှင့်ကောက်ခံပါက လူသုံးအီလက်ထရောနစ် ပစ္စည်းကဏ္ဍကနေ စိုက်ပျိုးရေး ကဏ္ဍအထိ လုပ်ငန်းတွေအတွက် ဆုံးရှုံးမှု တိုးလာနိုင်ပါတယ်။
2 years Ago
Up