အမေရိကန်ကျောင်းသူ

October 15, 2018

ပြည်ဝင်ခွင့်ငြင်းပယ်ခံရသည့် အမေရိကန်ကျောင်းသူ အစ္စရေးတရားရုံးတွင် အယူခံဝင်

အစ္စရေးအစိုးရရဲ့ ပြည်ဝင်ခွင့်တားမြစ်ခံထားရတဲ့ အမေရိကန်ကျောင်းသူ လာရာအယ်လ်ကာဆမ်ဟာ အစ္စရေးရဲ့ ထိပ်တန်းတရားရုံးမှာ အောက်တိုဘာ ၁၄ ရက်က အယူခံ ဝင်လိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် လာရာ အယ်လ်ကာဆမ်ဟာ ကျောင်းသား ပြည်ဝင်ခွင့်ဗီဇာနဲ့ အောက်တိုဘာ ၂ ရက်နေ့က အစ္စရေးကို လာခဲ့တာပါ။ ဒါပေမယ့် လုံခြုံရေးအရာရှိတွေက သူ့အတွက် ပြည်ဝင်ခွင့်ကို ငြင်းပယ်ခဲ့ပါတယ်။ လာရာဟာ ဖလော်ရီဒါတက္ကသိုလ်က ပါလက်စတိုင်းဒေသတွင်း တရားမျှတရေးအတွက် ကျောင်းသားများအုပ်စု ဥက္ကဋ္ဌ ဖြစ်နေတယ်လို့ အစ္စရေးအရာရှိတွေက ကိုးကား ထောက်ပြပါတယ်။ လာရာဟာ အောက်တိုဘာ ၂ ရက်နေ့တည်းက လေဆိပ် ထိန်းသိမ်းရေးစခန်းထဲမှာပဲ နေနေရပါတယ်။ သူဟာ တနှစ်ကြာမယ့် မဟာဘွဲ့ အစီအစဉ်အတွက် ဟီဘရူးတက္ကသိုလ်မှာ တနင်္ဂနွေနေ့ကစပြီး ကျောင်းတက်ရမှာပါ။ ဒီအမှုဟာ အစ္စရေးကိုဆန့်ကျင်တဲ့ သပိတ်တိုက်ပွဲတွေကို လူသိရှင်ကြား ထောက်ခံတဲ့ နိုင်ငံခြားသားတွေအပေါ် ပြည်ဝင်ခွင့်တားမြစ်တဲ့ ၂၀၁၇ ဥပဒေနဲ့ ဒီမိုကရေစီတန်ဖိုးအကြား စကားရည်လုပွဲတွေ ပေါ်ပေါက်စေခဲ့ပါတယ်။ အစ္စရေးနိုင်ငံရဲ့ ရပ်တည်ချက်ဟာ တခြားနိုင်ငံတွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဆင်တူပဲလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။
3 years Ago
Up