အမေရိကန်ကျောင်းသား

A d v e r t i s e m e n t With Us

July 6, 2018

ကွန်ဖူးသင်ရန် စိတ်ထက်သန်သည့် ကန်ကျောင်းသား ၂ဝဝ ကျော် ရှောင်လင်ကျောင်းရောက် (ရုပ်သံ)

တရုတ်လူမျိုးတွေရဲ့ ကွန်ဖူးပညာဟာ နာမည်ကြီးပြီး ရှောင်လင်ကျောင်းတော်ဟာလည်း ကိုယ်ခံပညာရပ်သင် ပရိသတ်တွေအဖို့ အထွတ်အမြတ်ထားရာ နေရာတခုဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမေရိကန်နိုင်ငံက ကွန်ဖူးပညာရပ်ကို စိတ်ဝင်တစား လေ့လာသင်ယူလိုကြတဲ့ အမေရိကန်ကျောင်းသား ၂၃၅ ယောက်ဟာ ရှောင်လင်ကျောင်းတော်ကို လာရောက်လေ့လာခဲ့ကြတာကို ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က တရုတ်နိုင်ငံအလယ်ပိုင်း၊ ဒန်ဖန်းစီရင်စု နယ်မြေထဲမှာ တည်ရှိတဲ့ ရှောင်လင်ကျောင်းတော်ရှိရာ ရောက်လာခဲ့ကြတာပါ။ အဲဒီအုပ်စုထဲက ကွန်ဖူးပညာရပ်သင်ဖို့ စိတ်အားထက်သန်သူ ယန်ဒန်က “ကျနော်က ဒီပညာရပ်ရဲ့ သမိုင်းနဲ့ ဒဿနကိုသာမက ကစားပုံအလှကိုပါ နှစ်သက်ပါတယ်” လို့ ပြောပါတယ်။ သူတို့ဟာ ကျောင်းတော်မှာ ဂါရဝပြုဖို့ ဒူးထောက်ဦးညွတ်ခဲ့ကြတာကိုလည်း ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
3 years Ago

June 22, 2017

အမေရိကန်ကျောင်းသား သေဆုံးခဲ့မှု မြောက်ကိုရီးယားသံအမတ် ကာကွယ်ပြောဆို

မြောက်ကိုရီးယားမှာ ၁၇ လ ကြာ ဖမ်းဆီးထားပြီး ပြန်လွှတ်ပေးလိုက်တဲ့ အမေရိကန်နိုင်ငံသားအား ဖမ်းဆီးထိန်းသိမ်းထားစဉ်က အခြေအနေအပေါ် ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်က ကာကွယ်ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားမှာ ၁၇ လကြာ ဖမ်းဆီးထားခဲ့တဲ့ အမေရိကန်ကျောင်းသား အော့တိုဝမ်ဘီယာ သေဆုံးမှုနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဟာ ဖမ်းဆီးထားသူတွေကို ဥပဒေနဲ့အညီ နိုင်ငံတကာ စံချိန်စံညွှန်းတွေ အတိုင်းသာ ဆက်ဆံတာလို့ ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်က “ကျနော်က အဲဒီအရေးမှာ ကျွမ်းကျင်သူတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ ကြိုးစားနေပါတယ်။ ကျနော်တို့ နိုင်ငံမှာ ဖမ်းထားတဲ့ အမေရိကန်တွေကို ပြန်လွှတ်ပေးပြီးရင် သူတို့ကို ကျနော်တို့ မျှမျှတတ ဆက်ဆံတယ်။ သေသေချာချာ ဆက်ဆံတယ်။ အဲဒီလိုတွေ ပြောတာကြားဖူးတယ်။ ကျနော်သိတာတော့ အဲလိုပဲ”  လို့ ပြောပါတယ်။ ဒါ့အပြင် အမေရိကန်က စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်တာတွေ လုပ်တဲ့အပေါ်မှာလည်း မကြောက်ကြောင်း မြောက်ကိုရီးယားသံအမတ်ကပြောပါတယ်။ “ကျနော်တို့ နိုင်ငံက အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့တားမြစ်မှုတွေ ခံနေရတာ နှစ် ၆၀ ကျော်ပြီ။ အဲဒီတော့ ကျနော်တို့က နောက်ထပ် စီးပွားရေးပိတ်ဆို့မှုဆိုတာကို ထူးပြီး မကြောက်တော့ဘူး။ သူတို့က ကျနော်တို့ကို ဘယ်လိုစီးပွားရေး ပိတ်ဆို့မှုတွေ ထပ်လုပ်မယ်ဆိုတာကိုလည်း စိတ်မဝင်စားတော့ဘူး။ မကြောက်တော့ဘူး။” “တကယ်လို့ အမေရိကန်နဲ့ တခြားတပ်တွေက ကျနော်တို့နိုင်ငံနဲ့ ကျနော်တို့ရဲ့ စနစ်ကို အင်အားသုံးပြီး တိုက်ဖျက်ဖို့ စီစဉ်နေတာတွေကို မရပ်ဘူးဆိုရင်၊ စစ်ရေးပူးပေါင်းလေ့ကျင့်တာတွေကို မရပ်ဘူးဆိုရင် ကျနော်တို့ ဘက်ကလည်း ကျနော်တို့နိုင်ငံရဲ့ ကာကွယ်ရေး အင်အားကို တိုးတက်လာအောင် လုပ်တာကို ရပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” လို့လည်း သံအမတ်က ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မြောက်ကိုရီးယားကနေ ပြန်လွတ်လာတဲ့ အမေရိကန်ကျောင်းသား အော်တိုဝမ်ဘီယာဟာ ဇွန်လ ၁၉ ရက်နေ့က ကွယ်လွန်သွားခဲ့တာပါ။
4 years Ago
More News
Up