အမေရိကန်အပေါ်

September 23, 2017

အမေရိကန်အပေါ် မြောက်ကိုရီးယား၏ကြေညာချက် တောင်ကိုရီးယား ပြစ်တင်

အမေရိကန်အပေါ် အမြင့်ဆုံး တန်ပြန်အစီအမံတွေ ပြုလုပ်သွားမယ်ဆိုတဲ့ မြောက်ကိုရီးယားရဲ့ ကြေညာချက်ကို တောင်ကိုရီးယားနိုင်ငံက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ နှစ်နိုင်ငံပေါင်းစည်းရေး ၀န်ကြီးဌာန အဆောက်အဦမှာ အခုလိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က “ဒါကို မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် နာမည်နဲ့ ပထမဆုံး ထုတ်ပြန်တဲ့ ကြေညာချက်လို့ ယုံကြည်ပါတယ်။ ကျနော်တို့နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်းဆိုမှုတွေ၊ သတိပေးမှုတွေ ပြုလုပ်နေတဲ့ကြားက မြောက်ကိုရီးယားဟာ နျူကလီးယားစမ်းသပ်ချက်တွေနဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေ လုပ်ဆောင်ပြီးတော့ နောက်ထပ် ရန်စမှုကို ပြသလိုက်တာပါ။” “မြောက်ကိုရီးယားအနေနဲ့ အထီးကျန်စေပြီး ကျရှုးံစေမယ့် ရန်စမှုတွေကို ချက်ချင်း ရပ်တန့်သင့်ပါတယ်။ နျူကလီးယားကင်းစင်ရေးအတွက် ညှိနှိုင်းရေးစကားဝိုင်းကို ပြန်လာ သင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့  ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး တန်ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စက်တင်ဘာ ၂၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
4 years Ago
Up