အမေရိကန်အသင်းနည်းပြ

A d v e r t i s e m e n t With Us

November 23, 2016

အမေရိကန်အသင်းနည်းပြ ကလင်းစမန်းကို ရာထူးမှ ထုတ်ပယ်

ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်နေတဲ့ အမေရိကန်အသင်းဟာ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ကလင်းစမန်းကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ အမေရိကန်အသင်းဟာ နိုဝင်ဘာ ၁၂ ရက်နေ့က မက္ကဆီကိုအသင်းကို ၁ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်ကလလည်း ကော်စတာရီကာကို ၄ ဂိုး ဂိုးမရှိနဲ့ ထပ်ပြီးအရေးနိမ့်ခဲ့တဲ့နောက် နည်းပြ ကလင်းစမန်းကို ရာထူးက ထုတ်ပယ်လိုက်တာပါ။ အမေရိကန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲကစား ၂ ပွဲရှုံးနေပြီး ဇယားအောက်ဆုံးမှာ ရောက်နေပါတယ်။ အခုရလဒ်ဟာ အမေရိကန်အသင်းရဲ့ ခြေစစ်ပွဲ ၃၆ နှစ်တာကာလအတွင်းမှာ အဆိုးဆုံးဖြစ်နေတာပါ။ ဂျာမနီ ဂန္ထဝင်တိုက်စစ်မှူးလည်းဖြစ်တဲ့ ကလင်းစမန်းဟာ ကစားသမားဘ၀က အနားယူခဲ့ပြီးနောက် နည်းပြအဖြစ် ၂၀၀၄ ကနေ ၂၀၀၆ အထိ ဂျာမနီလက်ရွေးစင်အသင်း၊ ၂၀၀၈ ကနေ ၂၀၀၉ ခုနှစ်အထိ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၁၁ ကစပြီး အမေရိကန်အသင်းတို့ကို ကိုင်တွယ်ခဲ့ပါတယ်။
4 years Ago
Up