အမေရိကန်အမျိုးသားဥယျာဉ်

August 19, 2015

အမေရိကန် အမျိုးသားဥယျာဉ်တွေထဲက ချစ်စရာအကောင်းဆုံး တိရစ္ဆာန်ပုံ ၁၀ ပုံ (ဓာတ်ပုံ)

လာမယ့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှာ ကျရောက်မယ့် အမေရိကန်နိုင်ငံ အခြေစိုက် အမျိုးသားဥယျာဉ်ဝန်ဆောင်မှုအဖွဲ့ (အန်ပီအက်စ်) ရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ချစ်စရာအကောင်းဆုံး တိရစ္ဆာန်ပုံ ၁၀ ပုံကို ယူပီအိုင်သတင်းစာမျက်နှာမှာ ဖော်ပြပါတယ်။ 1 kissing seal pup(၁) ဒီပုံကတော့ အရွယ်ရောက်ပြီး ပင်လယ်ဖျံတကောင်ကို ဖျံပေါက်စလေးတကောင်က နမ်းနေတာကို အဲရက်ဘတ်စ်ပင်လယ်အော်မှာ ၂၀၁၅ ခုနှစ်၊ မတ်လက တွေ့ရတာဖြစ်ပါတယ်။   2 A mother bear shows its baby how to dig for clams(၂) မိခင်ဝက်ဝံမကြီးက သူ့ကလေးငယ်ကို ဂုံးကောင်တွေ ဘယ်လိုတူးဖော်ရမယ် ဆိုတာကို ပြသနေတဲ့ ဒီပုံကိုတော့ အမေရိကန်နိုင်ငံ၊ အလက်စကားပြည်နယ်က ကလာ့ခ်ကန် အမျိုးသားဥယျာဉ်နဲ့ သဘာဝထိန်းသိမ်းနယ်မြေမှာ ၂၀၁၅ ခုနှစ်၊ ဇွန်လမှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။   3 Baby burrowing owls are seen at Bear River Migratory Bird Refuge(၃) တွင်းအောင်းနေတဲ့ ဇီးကွက်ပေါက်စလေးတွေကိုတော့ ၂၀၁၅ ခုနှစ်၊ မတ်လမှာ ၀က်ဝံမြစ်အမည်ရ အမေရိကန်နိုင်ငံ၊ အော့တ၀ါပြည်နယ်က ရွှေ့ပြောင်းသွားလာနေတဲ့ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးစခန်းမှာ တွေ့ရတာပါ။   4 Baby gray foxes(၄) ဒီပုံမှာတော့ မြေခွေးပေါက်ကလေး ၂ ကောင်ကို အော့တ၀ါပြည်နယ်၊ ဇီယွန် အမျိုးသားဥယျာဉ်မှာ ၂၀၁၅ ခုနှစ်၊ ဇွန်လမှာ တွေ့ရတာ ဖြစ်ပါတယ်။   5 baby sea turtles(၅) ဒီပုံကတော့ တက္ကဆက်ပြည်နယ်၊ ပါဒရေကျွန်း အမျိုးသားကမ်းခြေမှာ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က တွေ့ရတဲ့ ပင်လယ်လိပ်ကလေး ၂ ကောင်ပုံ ဖြစ်ပါတယ်။   6 A mama moose helps her baby cross the Colorado River(၆) မိခင် အမေရိက သမင်ကြီးက သူ့ကလေးငယ်ကို ကော်လိုရာဒိုမြစ် ဖြတ်ကူးဖို့ ကူညီနေတဲ့ပုံကတော့ ၂၀၁၅ ခုနှစ်၊ မေလမှာ ရော့ကီးတောင်တန်း အမျိုးသားဥယျာဉ်မှာ ဖြစ်ပါတယ်။   7 One of the baby bisons born(၇) ဒီပုံကတော့ ၂၀၁၄ ခုနှစ်၊ ဧပြီလတုန်းကတွေ့ရတဲ့ ကော်လိုရာဒိုပြည်နယ်၊ ရော့ကီးတောင်တန်း အမျိုးသားဥယျာဉ်ထဲက အမေရိကန်ကျွဲသားအမိပုံ ဖြစ်ပါတယ်။   8 A fox family(၈) အလက်စကားပြည်နယ်၊ တိုဂျီရက် အမျိုးသား တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဥယျာဉ်မှာ တွေ့ရတဲ့ မြေခွေးမိသားစုပုံပဲ ဖြစ်ပါတယ်။   9 A squirrel readies to devour a snake(၉) မြွေတကောင်ကို စားသောက်ဖို့  အသင့်ဖြစ်နေတဲ့ ရှဥ့်ကလေးတကောင်ရဲ့ပုံကိုတော့ ဂွါဒါလုတောင်တန်း အမျိုးသားဥယျာဉ်မှာ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှာ ရိုက်ကူးခဲ့ပါတယ်။   10 A mother brown bear and her cub(၁၀) ဒီပုံမှာတော့ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလတုန်းက ကလာ့ခ်ကန် အမျိုးသားဥယျာဉ်နဲ့ သဘာဝထိန်းသိမ်းနယ်မြေမှာ ၀က်ဝံညိုသားအမိ ဆော့ကစားနေကြတာ ဖြစ်ပါတယ်။
6 years Ago
Up