အမေရိကန်အစီရင်ခံစာကြောင့် ရုရှားစီးပွားရေးသမားနှင့် အရာရှိများ၏ပုံရိပ် ထိခိုက်ဟုဆို

February 6, 2018

အမေရိကန်အစီရင်ခံစာကြောင့် ရုရှားစီးပွားရေးသမားနှင့် အရာရှိများ၏ပုံရိပ် ထိခိုက်ဟုဆို

အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ နိုင်ငံရေးသြဇာရှိတဲ့ စီးပွားရေးခေါင်းဆောင်များ စာရင်းဟာ ရုရှားလုပ်ငန်းတွေနဲ့ အရာရှိတွေရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တယ်လို့ ရုရှားအစိုးရက ပြောလိုက်ပါတယ်။ ရုရှားအစိုးရနဲ့ နီးစပ်တဲ့လူတွေအကြောင်း အမေရိကန်ရဲ့ အစီရင်ခံစာဟာ ရုရှားလုပ်ငန်းတွေ၊ စီးပွားရေးသမားတွေနဲ့ အရာရှိတွေရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တယ်လို့ ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောပါတယ်။ ဒီစာရင်းထဲမှာ ပါတဲ့လူတိုင်းဟာ အမေရိကန်အစိုးရရဲ့ ရန်သူအဖြစ် တံဆိပ်ကပ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ ရုရှားအစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးခေါင်းဆောင် စာရင်းထဲမှာ အစိုးရပိုင် ဓာတ်ငွေ့လုပ်ငန်း အကြီးကဲ၊ သတ္တုလုပ်ငန်းရှင်ကြီးတွေနဲ့ ရုရှားရဲ့ အကြီးဆုံး ဘဏ်နှစ်ခုက အကြီးအကဲတွေ အပါအဝင် ရုရှားစီးပွားရေးသမား အကြီးစားတွေကို အမေရိကန် ဘဏ္ဍာရေးဌာနက နာမည်တပ်ခဲ့တာပါ။ နောက်ထပ် ကောက်ချက်မချခင် ရုရှားဟာ အမေရိကန်ရဲ့ အစီရင်ခံစာကို သုံးသပ်ဦးမယ်၊ ဒီအစီရင်ခံစာမျိုး မကြုံဖူးဘူးလို့ ပဲ့စ်ကို့ဗ်က ပြောပါတယ်။ “နာမည်တွေအားလုံး ဒီထဲမှာပါတယ်။ အင်မတန် ယေဘုယျကျတယ်။ ဒါပေမယ့် စာရင်းထဲက လူအားလုံးက အမေရိကန်ရဲ့ ရန်သူအဖြစ် နာမည်တပ်ခံရပြီးပြီဆိုရင်တော့ ဂရုစိုက်ရတာ တန်ပါတယ်” လို့ သူက ပြောပါတယ်။
3 years Ago
Up