အမေရိကန်အစိုးရ လျှို့ဝှက်ချက် ဖွင့်ချသူ၏ ခိုလှုံခွင့်တောင်းခံမှု ပြင်သစ်ပယ်ချ

July 5, 2015

အမေရိကန်အစိုးရ လျှို့ဝှက်ချက် ဖွင့်ချသူ၏ ခိုလှုံခွင့်တောင်းခံမှု ပြင်သစ်ပယ်ချ

အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချခဲ့တဲ့ ၀ီကီလိဒ်အင်တာနက်စာမျက်နှာ ထူထောင်သူ Julian Assange ရဲ့ ပြင်သစ်နိုင်ငံမှာ ခိုလှုံဖို့ တောင်းဆိုမှုကို ပြင်သစ်အစိုးရက ဇူလိုင် ၃ ရက်နေ့က ချက်ချင်းပယ်ချလိုက်ပါတယ်။ လက်ရှိပြင်သစ်သမ္မတ ဟော်လန်ဒီနဲ့ အရင်ပြင်သစ်သမ္မတ ၂ ဦးတို့ကို အမေရိကန်က လျှို့ဝှက်စုံစမ်းထောက်လှမ်းမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို ၀ီကီလိဒ်က ထပ်မံဖွင့်ချခဲ့ပြီး မကြာခင်မှာပဲ Julian Assange က သမ္မတဆီ အခုလို တိုက်ရိုက်စာရေးတောင်းခံခဲ့တာပါ။ သူ့မှာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သမ္မတဆီရေးသားထားတဲ့စာကို ပြင်သစ်သတင်းစာကြီးဖြစ်တဲ့ Le Monde က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်သမ္မတရုံးက သူ့ရဲ့တောင်းခံစာရရှိပြီး တနာရီအတွင်းမှာပဲ ပယ်ချခဲ့ပါတယ်။ Julian Assange ဟာ လောလောဆယ်တော့ လန်ဒန်မြို့က အီကွေဒေါသံရုံးထဲမှာ ခိုလှုံနေတာ ၃ နှစ်ရှိပါပြီ။ သူ့ကို လိင်မတော်မတရားမှုနဲ့ ဆွီဒင်အစိုးရက စွဲချက်တင်ထားသလို အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ချက်ပေါင်းများစွာကို ဖွင့်ချထားမှုအတွက် ဆွီဒင်အစိုးရက အမေရိကန်နိုင်ငံကို လွှဲပြောင်းပေးမှာကိုလည်း စိုးရိမ်နေရပါတယ်။
6 years Ago
Up