အမေရိကန်သရုပ်ဆောင်မင်းသား

March 5, 2019

အမေရိကန် သရုပ်ဆောင်မင်းသား လုခ်ပယ်ရီ ကွယ်လွန်

အမေရိကန် သရုပ်ဆောင်မင်းသား လုခ်ပယ်ရီဟာ ပြီးခဲ့တဲ့သီတင်းပတ်က လေဖြတ်ဝေဒနာ ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီး မတ်လ ၄ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ လုခ်ပယ်ရီဟာ သေဆုံးချိန်မှာ အသက် ၅၂ နှစ်အရွယ်ရှိပြီး နောက်ဆုံးအချိန်ထိ မိသားစုဝင်တွေ မိတ်ဆွေတွေက ဝိုင်းဝန်းခြံရံပေးခဲ့ကြတယ်လို့ သူ့ရဲ့မန်နေဂျာက ပြောပါတယ်။ လုခ်ပယ်ရီဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းက ထွက်ရှိလာတဲ့ "Beverly Hills, 90210" ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများခဲ့ပြီး ၂၀၁၇ က စတင်ပြသခဲ့တဲ့ Riverdale ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ လုခ်ပယ်ရီဟာ နေအိမ်မှာရှိနေစဉ် လေဖြတ်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းက လော့စ်အိန်ဂျယ်လိစ်ဆေးရုံကို အမြန်ပို့ခဲ့ရပါတယ်။ လုခ်ကို အားပေးကြတဲ့ တကမ္ဘာလုံးက ပရိသတ်တွေရဲ့ ဝမ်းနည်းမှုကို အလေးထားတယ်၊ အခုလို ပူဆွေးနေရတဲ့အချိန်မှာ ကိုယ်ရေးကိုယ်တာကို လေးစားပေးဖို့ လုပ်ခ်ရဲ့မိသားစုက လေးလေးနက်နက် တောင်းဆိုပါတယ်လို့ မန်နေဂျာက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
2 years Ago
Up