အမေရိကန်သရုပ်ဆောင်

January 9, 2019

လိင်ပိုင်းစော်ကားမှု စွဲချက်အတွက် သရုပ်ဆောင် ကီဗင်စပေစီ တရားရုံးတွင် လျှောက်လဲ

"House of Cards" အမေရိကန် ရုပ်သံစီးရီး သရုပ်ဆောင် ကီဗင်စပေစီဟာ ဆယ်ကျော်သက်တဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် အပြစ်မရှိကြောင်း ဇန်နဝါရီ ၇ ရက်နေ့က တရားရုံးမှာ  လျှောက်လဲခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က နန်တားကတ်မြို့ ဘားတခုမှာ ၁၈ နှစ်အရွယ် ဆယ်ကျော်သက်တဦးကို ကီဗင်စပေစီက လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်ဆိုပြီး တရားစွဲခံရတာပါ။ စပေစီဟာ မလျော်ကန်တဲ့ လက်ရောက်မှုနဲ့ တိုက်ခိုက်မှု စွပ်စွဲချက်ကို ရင်ဆိုင်ဖို့ နန်တားကတ် ခရိုင်တရားရုံးကို ရောက်ရှိလာခဲ့ပါတယ်။ စပေစီရဲ့ ရှေ့နေဖြစ်သူက အဲဒီဖြစ်ရပ် ဖြစ်ပြီးနောက်ပိုင်း နစ်နာခဲ့သူရဲ့ ၆ လတာ ဆဲလ်ဖုန်းဒေတာ အားလုံးကို သိမ်းဆည်းပေးဖို့ တရားသူကြီးကို တိုက်တွန်းခဲ့ပါတယ်။ ရှေ့နေက အဲဒီဒေတာတွေဟာ အပြစ်မရှိကြောင်း ဖော်ပြဖို့ များတယ်လို့ ဆိုပါတယ်။ တရားသူကြီးကလည်း ဆဲလ်ဖုန်းထဲက ဒေတာအချက်အလက်တွေကို သိမ်းဆည်းထားဖို့ အဲဒီဆယ်ကျော်သက်ကို အမိန့်ချမှတ်ခဲ့ပါတယ်။ အသက် ၅၉ နှစ်အရွယ် သရုပ်ဆောင် ကီဗင်စပေစီဟာ လိင်ပိုင်းဆိုင်ရာစွပ်စွဲမှု ရင်ဆိုင်နေရတဲ့ ဖျော်ဖြေရေးလောကက ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ တကယ်လို့သာ ပြစ်မှုထင်ရှားပါက စပေစီ ထောင်ဒဏ် ၅ နှစ်အထိ ကျခံရမှာဖြစ်ပါတယ်။
2 years Ago
Up