အမေရိကန်သံတမန်များ ပိုင်ဆိုင်မှုပစ္စည်းတင် ကုန်ကားများ ရုရှားမှ ထွက်ခွာ

August 2, 2017

အမေရိကန်သံတမန်များ ပိုင်ဆိုင်မှုပစ္စည်းတင် ကုန်ကားများ ရုရှားမှ ထွက်ခွာ

လတ်တလောမှာ ရုရှား-အမေရိကန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အခြေအနေ တင်းမာခဲ့ပြီးနောက် နိုင်ငံတွင်းကနေ အမေရိကန်သံတမန်တွေကို ထွက်ခွာသွားဖို့ ရုရှားက အမိန့်ထုတ်ခဲ့ပါတယ်။ နိုင်ငံထဲမှာရှိနေတဲ့ အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေက ဝန်ထမ်းအယောက် ၁၂၀၀ ထဲကနေ ၇၅၅ ယောက်ကို လာမယ့် စက်တင်ဘာလ နောက်ဆုံးထားပြီး ဖယ်ထုတ်လျှော့ချဖို့ ဇူလိုင် ၃၀ ရက်နေ့မှာ အမိန့်ထုတ်ခဲ့တာပါ။ ဇူလိုင် ၃၁ ရက်ကတော့ မြို့တော် မော်စကိုအခြေစိုက် အမေရိကန်သံရုံး အိမ်ယာခြံဝင်းထဲကနေ သံတမန်တွေရဲ့ ပိုင်ဆိုင်မှုတွေ၊ ပရိဘောဂတွေ တင်ဆောင်ထားတဲ့ ကုန်ကားတွေ ထွက်ခွာသွားခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံက ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်မှုအသစ်တွေ လုပ်ဆောင်သွားမယ်ဆိုပြီး အမေရိကန်လွှတ်တော်တွေက အတည်ပြုခဲ့အပြီးမှာ ရုရှားနိုင်ငံဘက်မှ ပြန်လည်တုံ့ပြန်ခဲ့တာပါ။ ရုရှားရဲ့ ခရိုင်းမီးယားကို ကျူးကျော်မှုနဲ့ ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲကို ဝင်ရောက် စွက်ဖက်မှုတွေကြောင့် ရုရှားအပေါ် ဒဏ်ခတ်အရေးယူဖို့ အမေရိကန်လွှတ်တော်တွေက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မဲပေး အတည်ပြုခဲ့ကြတာပါ။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က “အမေရိကန်သံရုံးဝန်ထမ်း ၇၅၅ ယောက်ကို ရုရှားနိုင်ငံတွင်း သူတို့ရဲ့ လှုပ်ရှားမှုတွေ ရပ်ရမယ်လို့ အမိန့်ထုတ်လိုက်ပါပြီ။ ကျနော်တို့ ၂ နိုင်ငံဆက်ဆံရေးအတွက် ကာလရှည်ကြာ စောင့်ခဲ့ရတာ လုံလောက်ပါပြီ။ အခြေအနေတခုခု ပြောင်းလဲတယ်ဆိုရင် အချိန်မရွေး ဘာမဆို ဖြစ်သွားနိုင်ပါတယ်” လို့ ပြောပါတယ်။
4 years Ago
Up