အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ ရောက်ရှိ

November 10, 2017

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဗီယက်နမ်နိုင်ငံ ရောက်ရှိ

အာရှနိုင်ငံတွေဆီ ခရီးထွက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံကနေ ဗီယက်နမ်နိုင်ငံကို ဒီကနေ့ ရောက်ရှိလာပါတယ်။ ဗီယက်နမ်ဟာ သမ္မတ ထရမ့်ရဲ့ ၁၂ ရက်ကြာ အာရှခရီးစဉ်အတွင်း စတုတ္ထမြောက် ရပ်နားရာနေရာ ဖြစ်ပါတယ်။ ထရမ့်ဟာ ဗီယက်နမ်နိုင်ငံ ဒန်နန်းမြို့မှာကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေးပက်) ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီအစည်းအဝေးကို ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့လည်း တက်ရောက်ပြီး သမ္မတ ထရမ့်နဲ့ ထပ်မံတွေ့ဆုံဖို့ရှိကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

November 8, 2017

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ ရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံကို ဒီနေ့ နေ့လယ်ပိုင်းက ရောက်ရှိသွားပါတယ်။ ၃ ရက်ကြာမြင့်မယ့် ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံ အလည်အပတ်ခရီးစဉ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က အဆင့်မြင့်မြင့် နှုတ်ဆက်တွေ့ဆုံမှာလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားနဲ့ ကြိုဆိုမှာဖြစ်သလို တရားဝင်ဆွေးနွေးပွဲတွေသာကမ အလွတ်သဘော ဆွေးနွေးမှုတွေလည်း ပြုလုပ်သွားမယ်လို့ တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကျန့်စွတ်ကွန်း (Zheng Zeguang) က ပြောပါတယ်။ သမ္မတ ၂ ဦးဟာ နှစ်နိုင်ငံစလုံးက စိုးရိမ်ပူပန်နေကြတဲ့၊ အဓိကကျတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ကြမှာဖြစ်သလို စီးပွားရေးပြပွဲတခုကိုလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ထရမ့်ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ၁၉ ကြိမ်မြောက် ကွန်ဂရက်အပြီး တရုတ်နိုင်ငံကို ပထမဆုံး လာရောက်လည်ပတ်တဲ့ နိုင်ငံ့ခေါင်းဆောင်တဦးဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up