သမ္မတ အိုဘားမား ဂေါက်ရိုက်သွားနေတဲ့အချိန်မှာ အိမ်ဖြူတော်ဝင်းထဲ သေနတ်ကိုင်ဝင်ဖို့ ကြိုးစားတဲ့ အမျိုးသားတဦးကို လုံခြုံရေးအစောင့်တွေက မေ ၂၀ ရက်နေ့က ပစ်ခတ် ဖမ်းဆီးလိုက်ပါတယ်။
လက်နက်ကိုင် အမျိုးသားကို ဒဏ်ရာ အပြင်းအထန်နဲ့ ဆေးရုံပို့ထားရတယ်လို့ အရာရှိတွေနဲ့ မျက်မြင်တွေက ဆိုပါတယ်။
အခင်းဖြစ်ပြီးနောက် အိမ်ြဖူတော် လုံခြုံရေး တာဝန်ယူထားတဲ့ Secret Service အဖွဲ့က အိမ်ဖြူတော်ကို ခဏပိတ်ခဲ့ပါတယ်။ ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်းလည်း အိမ်ဖြူတော် ၀င်းထဲမှာပဲ ဘေးကင်းလုံခြုံစွာ ရှိနေတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့ နေရာဟာ အိမ်ဖြူတော်ဝင်းထဲက ၁၇ လမ်းနဲ့ အီးလမ်းတွေအနားမှာ ဖြစ်ပြီး အိမ်ဖြူတော်ရဲ့ တောင်ဘက် လမ်းသွယ်ထဲမှာပါ။
အသက် ၂၀ ကျော် အမျိုးသားဟာ ငွေရောင်သေနတ်ကို ကိုင်ပြီး အိမ်ဖြူတော် ၀င်းတံခါး နားကို လမ်းလျောက်ဝင်လာစဉ် ရဲက တွေ့သွားပြီး ပစ်ခတ်ခဲ့တာလို့ တက္ကဆက်ကနေ အလည်ရောက်နေတဲ့ တေလာ ကိတ်စ်က ပြောပါတယ်။
အိမ်ဖြူတော် လုံခြုံရေးအဖွဲ့ Secret Service ကလည်း ပစ်ခတ်မှုကို အတည်ပြုပါတယ်။ ဒါပေမယ့် အခင်းဖြစ်တဲ့အချိန်မှာ သမ္မတကတော်နဲ့ သမီးတွေ အိမ်ဖြူတော်မှာ ရှိနေသလားဆိုတာကိုတော့ Secret Service က မပြောပါဘူး။
5 years Ago