အမေရိကန်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့ ဒေသတွင်းလုံခြုံရေးကိစ္စ ဆွေးနွေး

March 7, 2017

အမေရိကန်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့ ဒေသတွင်းလုံခြုံရေးကိစ္စ ဆွေးနွေး

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည် ၄ စင်းကို ဂျပန်ရေပိုင်နက်ထဲ ပစ်လွှတ်ခဲ့အပြီး အမေရိကန်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့ ဒီကနေ့ တယ်လီဖုန်းဆက်ပြီး ဒေသတွင်း လုံခြုံရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဂျပန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ တာဝန်ယူထားတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ စစ်ရေးလေ့ကျင်ခဲ့တယ်လို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောဆိုပြီး မြောက်ကိုရီးယားရဲ့ နောက်ဆုံး ဒုံးကျည်ပစ်လွှတ်မှုဟာ အမေရိကန်နဲ့ ဂျပန်အပါအဝင် ဒေသတွင်းနိုင်ငံတွေကို ရန်စလိုတာ ရှင်းတယ်လို့ ပြောဆိုပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်နိုင်ငံကို အမေရိကန်နိုင်ငံက ရာနှုန်းပြည့် ထောက်ခံရပ်တည်တယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ ဂျပန်နိုင်ငံက ပိုမိုအားစိုက် တာဝန်ယူသွားမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် အာဘေးက ပြောဆိုပါတယ်။ မြောက်ကိုရီးယားအရေးကို တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံတို့နဲ့ ပူးပေါင်းပြီး ကုလသမဂ္ဂမှာ ဆွေးနွေးကိုင်တွယ်သွားဖို့လည်း နှစ်နိုင်ငံခေါင်းဆောင်တို့ သဘောတူခဲ့ကြပါတယ်။
5 years Ago
Up