အမေရိကန်သမ္မတရွေးကောက်ပွဲ

A d v e r t i s e m e n t With Us

October 26, 2016

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဟာဝိုင်ယီတွင် ကြိုတင်မဲပေး

အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းပတ် ၂ ပတ်ပဲ လိုတော့တဲ့ အချိန်မှာ ဟာဝိုင်ယီ ကျွန်းက မဲရှင်တွေကတော့  မနေ့ကကြိုတင်မဲ ပေးခဲ့ကြပါတယ်။ ရီပတ်ဗလစ်ကင်ပါတီရဲ့ သမ္မတလောင်း ဒေါ်နယ် ထရမ့်ပ်နဲ့ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ကိုယ်စားလှယ် ဟီလာရီ ကလင်တန်တို့ကို ဟာဝိုင်အီပြည်နယ်ရဲ့မြို့တော် ဟိုနိုလူလူက မဲရုံမှာ မဲဆန္ဒရှင်တွေ တန်းစီ မဲပေးခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာ ကျင်းပတဲ့  သမ္မတရွေးကောက်ပွဲအတွက်  အမေရိကန်နိုင်ငံတွင်း ပြည်နယ် ၅၀ ထဲက ၃၈ ပြည်နယ်မှာ ကြိုတင်မဲတွေပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ RealClearPolitics အင်တာနက် စာမျက်နှာရဲ့  နိုင်ငံလုံးဆိုင်ရာ ထင်မြင်ချက် စစ်တမ်းအရ ကလင်တန်ဟာ ပျမ်းမျှ ၅ ရာခိုင်နှုန်း မဲ အသာစီး ရထားပါတယ်။  သူဌေးကြီး ဒေါ်နယ်ထရမ့်ပ် ကတော့ သူရှုံးရင် ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒေါ်နယ်ထရမ့်ပ်ရဲ့ ထိပ်တန်း အကြံပေးကတော့ ရီပတ်ဗလစ်ကင်ပါတီရဲ့ ကိုယ်စားလှယ်ဟာ  ပြိုင်ဖက် ဟီလာရီကလင်တန် အောက် နောက်ကောက်ကျနေတယ်လို့ အသိအမှတ်ပြု ပြောဆိုပါတယ်။ အဓိကပြိုင်ဘက် ပြည်နယ်တွေက ကြိုတင်မဲတွေအရ ကလင်တန်ဟာ အားကောင်းတဲ့ ဗျူဟာကို ဖိသုံးနိုင်ခဲ့ပြီး   ကလင်တန်ဟာ အိမ်ဖြူတော် သမ္မတ နေရာကိုရဖို့ လိုတဲ့ ရွေးကောက်ပွဲ မဲဆန္ဒနယ် ၂၇၀ ကိုရဖို့ ဦးဆောင်နေတဲ့ အခြေအနေကို ထိန်းထားဆဲပဲလို့ စနေနေ့က ထုတ်ပြန်တဲ့ ခန့်မှန်း ရလဒ်တွေက ဆိုပါတယ်။
4 years Ago

March 2, 2016

အမေရိကန် ကနဦးရွေးကောက်ပွဲတွင် ဟီလာရီကလင်တန် အကြီးအကျယ် အနိုင်ရ

အမေရိကန်နိုင်ငံက ဒီမိုကရက်ပါတီ သမ္မတလောင်း ကိုယ်စားလှယ် ဟီလာရီ ကလင်တန်ဟာ မတ်လ ၁ ရက် အင်္ဂါနေ့မှာ ကျင်းပတဲ့ ကနဦး ရွေးကောက်ပွဲမှာ အကြီးအကျယ် အနိုင်ရခဲ့ပါတယ်။ အလာဘားမား၊ ဂျော်ဂျီယာ၊ တင်းနက်စီ၊ အာကဲင်းဆတ်နဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ အနိုင်ရနေတာပါ။ နောက်ဆုံးရလဒ်တွေအရ ဒီမိုကရက်ပါတီဘက်က ဟီလာရီ ကလင်တန်၊ ရီပတ်ဗလစ်ကန်ပါတီဘက်က ဒေါ်နယ်လ် ထရမ့်တို့က သက်ဆိုင်ရာ ပါတီတွေကို ကိုယ်စားပြုတဲ့ သမ္မတလောင်းတွေအဖြစ် လာမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အလားအလာ ပိုကောင်းလာပါတယ်။ ၂၀၁၆ မဲဆွယ်ပွဲရဲ့ အကြီးဆုံး မဲပေးတဲ့ညမှာ ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ရေး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်ဟာ အမေရိကန်နိုင်ငံမှာ သမ္မတသက်တမ်း ၂ ကြိမ် ထမ်းဆောင်ခဲ့တဲ့ ဘီလ်ကလင်တန်ရဲ့ ဇနီးလည်း ဖြစ်ပါတယ်။ တက္ကဆက်နဲ့ အိုကလာဟိုးမား ပြည်နယ်တွေမှာတော့ ရီပတ်ဗလစ်ကန်ပါတီတွင်း ဒေါ်နယ်ထရမ့်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ တက်ဒ်ခရုဇ်က ဒေါ်နယ်ထရမ့်ကို နိုင်ခဲ့ပါတယ်။ ဟီလာရီရဲ့ အဓိကပြိုင်ဘက် ဘာနီ ဆန်ဒါစ်က သူ့ရဲ့ပြည်နယ် ဗားမောင့်မှာ အနိုင်ရခဲ့ပါတယ်။ အင်္ဂါနေ့က အမေရိကန်နိုင်ငံတလွှား ဂျော်ဂျီယာကနေ အလာစကာအထိ ပြည်နယ်ပေါင်း ၁၂ ပြည်နယ်မှာ မဲဆန္ဒရှင်တွေက မဲပေးခဲ့ကြပါတယ်။
5 years Ago
Up