အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးပွဲမှာ ရီပက်ဘလစ်ကန်ပါတီက သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ပ် အနိုင်ရမယ်လို့ တရုတ်နိုင်ငံရဲ့ မျောက်ဘုရင်က ဟောကိန်းထုတ်လိုက်ကြောင်း The Sun အင်တာနက်ဂျာနယ်မှာ နိုဝင်ဘာလ ၄ ရက်နေ့က ဖော်ပြပါတယ်။
ဂျီဒါလို့ လူသိများတဲ့ ဒီဆန်းကြယ်တဲ့ မျောက်ဘုရင်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ၂၀၁၆ ခုနှစ် ယူရိုဘောလုံး ဗိုလ်လုပွဲမှာလည်း ပေါ်တူဂီကိုပဲ အနိုင်ရမယ်ဆိုပြီး မှန်ကန်စွာ ဟောပြောပေးခဲ့လို့ နာမည်ကြီးလာခဲ့တာပါ။
ဒီတကြိမ်မှာလည်း ထရမ့်နဲ့ ဟီလာရီကလင်တန်အကြား ရွေးချယ်ဖို့ ထားတဲ့အခါ မျောက်ဘုရင် ဗေဒင်ဆရာက ရီပက်ဘလစ်ကန် သမ္မတလောင်းဘက်ကို ရွေးချယ်ခဲ့တာပါ။
တီရှပ်အဝါရောင်ဝတ်ထားတဲ့ မျောက်ဘုရင် ဂီဒါဟာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ တွားသွားပြီး မစ္စကလင်တန်ကို ကျော်ပြီး ဒေါ်နယ်လ်ထရမ့်ကို မရွေးချယ်ခင် “သေသေချာချာ စဉ်းစားနေပါသေးတယ်” ပြီးတော့ သူက ထရမ့်ရဲ့ သေချာပေါက်အောင်ပွဲကို ဂုဏ်ပြုဖို့ မစောင့်နိုင်တော့သလို ပုံကားချပ်ထဲက သမ္မတလောင်းရဲ့ နှုတ်ခမ်းကို အနမ်းပေးလိုက်ပါတယ်။
ဇူလိုင်လ ယူရိုဘောလုံးပြိုင်ပွဲတုန်းက ဘယ်သူ နိုင်မယ်ဆိုတာ ခန့်မှန်းဖို့ ပေါ်တူဂီနဲ့ ပြင်သစ်နိုင်ငံ အလံတွေမှာ ငှက်ပျောသီးချိတ်ပြီး သူ့ကို ဟောခိုင်းခဲ့ပါသေးတယ်။ ပေါ်တူဂီဘက်က ငှက်ပျောသီးကို စားဖို့ ရွေးခဲ့ပါတယ်။

တောင်အာဖရိကမှ ကျင်းပခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပွဲမှာ ဘောလုံးပွဲတွေရဲ့ ရလဒ်တွေကို မှန်ကန်စွာ ခန့်မှန်းခဲ့တဲ့ ရေဘဝဲကြီး ပေါလ်ပြီးရင် တရုတ်နိုင်ငံ Shiyanhu ecological tourism ပန်းခြံမှာ နေထိုင်တဲ့ ဒီမျောက်ဘုရင်ဟာ ခန့်မှန်းဟောသူအဖြစ် နာမည်ကြီးနေတာပါ။ ရေဘဝဲကြီးပေါလ်ကတော့ ၂၀၁၀ ကမ္ဘာ့ဖလားပွဲပြီး ၁ လအကြာမှာ သေဆုံးခဲ့ပါတယ်။
6 years Ago