အမေရိကန်သမ္မတထရမ့်

April 8, 2018

အမေရိကန်သမ္မတထရမ့် ပိုင်သည့် နယူးယောက်ရှိ ထရမ့်တာဝါ မီးလောင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပိုင်ပြီး နယူးယောက်မြို့မှာရှိတဲ့ ထရမ့်တာဝါ အဆောက်အအုံမှာ ဧပြီလ ၇ ရက်နေ့က မီးလောင်မှုကြောင့် အရပ်သားတဦး စိုးရိမ်ရတဲ့အထိ ဒဏ်ရာရခဲ့တယ်လို့ နယူးယောက်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ ဒါ့ပြင် မီးသတ်သမား ၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ကပြောပါတယ်။ မီးလောင်မှုဟာ ထရမ့်တာဝါရဲ့လူနေတိုက်ခန်းနဲ့ ရုံးခန်းတွေရှိတဲ့  အထပ် ၅၀ မှာဖြစ်ခဲ့တာပါ။ မီးလောင်မှုဟာ အထပ် ၅၀၊ လူနေတိုက်ခန်းတခုကနေ စခဲ့တာလို့ သမ္မတထရမ်ရဲ့သား အဲရစ် ထရမ့်က သူ့ရဲ့တွစ်တာမှာရေးထားပါတယ်။ ထရမ့်တာဝါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အိမ်နဲ့ ရုံးခန်းတွေရှိရာ အဆောက်အအုံလည်းဖြစ်ပေမယ့် မီးလောင်ချိန်မှာ သမ္မတဟာ ဝါရှင်တန်မှာရှိနေပါတယ်။ ထရမ့်တာဝါဟာ အဆောက်အအုံ ကောင်းဖြစ်လို့ မီးကို ငြိမ်းသတ်နိုင်ပြီဖြစ်ပြီး မီးသတ်တပ်ဖွဲ့တွေကိုလည်း ကျေးဇူးတင်တယ်လို့ မီးစလောင်ပြီး ၄၅ မိနစ်အကြာမှာ သမ္မတထရမ့်က  သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
3 years Ago
Up