အမေရိကန်သမ္မတကတော်ကို

April 13, 2017

အမေရိကန်သမ္မတကတော်ကို ပုတ်ခတ်ရေးသားမှုဖြင့် ဒေးလီးမေးလ်သတင်းစာ လျော်ကြေးပေးရ

အမေရိကန်သမ္မတကတော်ရဲ့ အရင်က မော်ဒယ်ဘ၀နဲ့ပတ်သက်ပြီး ပုတ်ခတ်ရေးသားခဲ့မှုနဲ့ ဗြိတိန်သတင်းစာကြီး Daily Mail သတင်းစာဘက်က အမှုရှုံးခဲ့တဲ့အတွက် လျော်ကြေးပေးလိုက်ပါတယ်။ သမ္မတကတော် Melania Trump ဟာ အရင်က ကိုယ်ရံတော်လည်း လုပ်ခဲ့တယ်လို့ ပြီးခဲတဲ့နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကာလက သတင်းစာမှာ စွပ်စွဲရေးသားခဲ့ပြီး မကြာခင်မှာပဲ ပြန်ဖြုတ်ခဲ့ပါတယ်။ သမ္မတကတော်က သတင်းစာက ပေးတဲ့ နစ်နာကြေးနဲ့ တောင်းပန်မှုကို လန်ဒန်တရားရုံးမှာ လက်ခံခဲ့ပါတယ်။ သမ္မတကတော် Melania က နစ်နာကြေး အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရလိုမှုနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အမှုဖွင့်ခဲ့ပြီး အခု နစ်နာကြေး ဘယ်လောက်နဲ့ အမှုကိုကြေအေးလဲဆိုတာတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ရိုက်တာသတင်းဌာနကတော့ အမှုကုန်ကျစရိတ်ရော၊ နစ်နာကြေးရော အားလုံး အမေရိကန်ဒေါ်လာ ၃ သန်း မကျော်ဘူးလို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တခုကို ကိုးကားဖော်ပြခဲ့ပါတယ်။ Melania Trump ဟာ မော်ဒယ်အလုပ်အပြင် တခြားဝန်ဆောင်မှုတွေလည်း ပေးခဲ့တယ်လို့ စွပ်စွဲရေးသားမှုဟာ မမှန်ကန်ဘူးဆိုပြီး သတင်းစာက တောင်းပန်ခဲ့တာပါ။ အဲ့ဒီစွပ်စွဲမှုဟာ Melania ရဲ့ ဂုဏ်သိက္ခာကို ထိပါးခဲ့တယ်လို့ ရှေ့နေကပြောဆိုခဲ့ပါတယ်။
4 years Ago
Up