အမေရိကန်သတင်းထောက်

March 8, 2019

သမ္မတ မာဒူရိုကို ထောက်ခံကြောင်း ပြောကြားရန် ဖိအားပေးခံရဟု အမေရိကန်သတင်းထောက် ပြော

ဗင်နီဇွဲလားနိုင်ငံမှာ ထိန်းသိမ်းခံရတဲ့ အမေရိကန် သတင်းထောက်ဟာ သမ္မတ မာဒူရိုကို ထောက်ခံကြောင်း ပြောကြားဖို့ ဖိအားပေးခံရတယ်လို့ မတ်လ ၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။ မိုင်ယာမီ တီဗွီရုပ်သံ အပါအဝင် မီဒီယာတွေမှာ အလွတ်သတင်းထောက်အဖြစ် လုပ်နေတဲ့ ကိုဒီဝက်ဒဲဟာ ဗင်နီဇွဲလားမှာ ၁၂ နာရီကျော် ထိန်းသိမ်းခံရပြီးနောက် ကာရာကတ်စ်ကနေ မိုင်ယာမီကို ပြန်လည်ရောက်လာခဲ့ပါတယ်။ “မာဒူရိုဟာ သမ္မတဖြစ်နေဆဲပဲ” လို့ ဗင်နီဇွဲလား အာဏာပိုင်တွေက သူ့ကို ပြောခိုင်းတယ်လို့ သတင်းထောက် ကိုဒီဝက်ဒဲက ပြန်ပြောပြခဲ့ပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေက ကိုဒီ့မျက်နှာ်ကို မျက်နှာဖုံးအုပ်ပြီး သူဟာ စစ်ဘက် အရာရှိကြီးတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စွပ်စွဲခဲ့တယ်လို့ ကိုဒီက ပြောပါတယ်။ စပိန်စကားပြော အမေရိကန်သတင်းဌာန Univision က သတင်းအဖွဲ့တဖွဲ့ကို ဗင်နီဇွဲလား အာဏာပိုင်တွေ ပြည်နှင်ပြီး တပတ်အကြာမှာ သတင်းထောက် ကိုဒီကို ဖမ်းဆီးခဲ့တာပါ။ ဒီလိုဖမ်းဆီးတာကို အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒို၊ အမေရိကန်နိုင်ငံများအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် လူးဝစ် အယ်မာဂရိုနဲ့ အမေရိကန် ပါတီကြီးနှစ်ခုက အမတ်တွေက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
3 years Ago
Up