အမေရိကန်လွှတ်တော် ဧည့်သည်ခန်းမထဲမှာ သေနတ်သမားတဦးကို ဖမ်းဆီးလိုက်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
သံသယရှိဖွယ် အမျိုးသားဟာ ခန်းမထဲ လမ်းလျှောက်ဝင်လာပြီး အရာရှိတွေကို သေနတ်နဲ့ ချိန်ရွယ်တဲ့အတွက် ရဲက သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။
ရဲလက်ချက်နဲ့ သေနတ်သမား အမျိုးသားအပြင် ဧည့်သည်ခန်းမထဲမှာ ရောက်နေတဲ့ နောက်အမျိုးသမီးတဦးလည်း သေနတ်ဒဏ်ရာရပြီး ဆေးရုံပို့ထားရတယ်လို့ ပြောပါတယ်။
ရဲတွေဘက်တော့ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။
ဒဏ်ရာနဲ့ ဖမ်းဆီးထားတဲ့ အမျိုးသားဟာ တန်နက်စီပြည်နယ်က လာရီ ဒေါ်ဆွန်း (Larry Dawson) ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။
သူ့ကို ဆေးရုံမှာ ခွဲစိတ်ကုသနေပြီး အခြေအနေ မသိရသေးသလို တရားလည်း မစွဲရသေးပါဘူး။
အကြမ်ဖက်သမားတွေနဲ့ ဆက်စပ်မှုရှိနိုင်လောက်တဲ့ အထောက်အထားလည်း မတွေ့ရသေးဘူးလို့ အရာရှိတွေက ပြောပါတယ်။
5 years Ago