အမေရိကန်လှိုင်းစီးသမားကို ထိုင်းရဲကယ်တင်သည့်ရုပ်သံဖိုင် ရေပန်းစား

A d v e r t i s e m e n t With Us

May 1, 2016

အမေရိကန်လှိုင်းစီးသမားကို ထိုင်းရဲကယ်တင်သည့်ရုပ်သံဖိုင် ရေပန်းစား

အမေရိကန်နိုင်ငံသား လှိုင်းစီးသမားတဦးဟာ ဧပြီလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ကမ်းခြေတခုရဲ့ ရေမိုင်ပြင်ပမှာ နစ်မြုပ်ခဲ့လို့ ထိုင်းရဲတွေက ကူညီကယ်တင်ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ မိုက်ကယ်လ် အာရ် ကုဒ်အမည်ရတဲ့ အဲဒီကမ္ဘာလှည့်ခရီးသည် အမျိုးသားဟာ ထိုင်းနိုင်ငံ၊ ပရာချွတ်ခီရိ ခန်ခရိုင်၊ ဟွာဟင်းပင်လယ်ကမ်းခြေမှာ စွန်နဲ့ ရေလွှာလျှောစီး အားကစားပြုလုပ်စဉ်မှာ မတော်တဆ နစ်မြုပ်ခဲ့တာပါ။ ထိုင်းရဲတွေရဲ့ လှေပေါ်ကို ဆွဲတင်ကယ်ဆယ်ခဲ့ပြီးနောက်မှာ သူဟာ လက်ဆွဲ နှုတ်ဆက်ကျေးဇူးတင်ကြောင်းပြောခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဆောင်ကရန်ရေသဘင်ပွဲတော်ကာလတွင်း ဗြိတိန်နိုင်ငံ သား ကမ္ဘာလှည့်ခရီးသည် ၃ ဦးကို ထိုင်းတွေက ထိုးနှက်ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ပျံ့နှံ့ခဲ့အပြီးမှာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြန်လည်မျှဝေသူတွေ များ ပြားလာခဲ့တာဖြစ်ပြီး ကူညီကယ်ဆယ်ပေးခဲ့ကြသူတွေကို ချီးကျူးနေခဲ့ကြတာပါ။ အဆိုပါ အမေရိကန်အမျိုးသားကို လှေပေါ်ကယ်တင်ပြီးချိန်မှာ သူဟာ အားအင် ကုန်ခမ်းမောပန်းနေရုံကလွဲပြီး တခြားထိခိုက်ဒဏ်ရာရရှိတာမျိုးတွေမရှိဘူးလို့ သတင်းက ဆိုပါတယ်။
5 years Ago
Up