အမေရိကန်ရဲ ဖြန့်ချိ

January 27, 2018

အမျိုးသားတဦးကို တရွတ်တိုက်ဆွဲခေါ်လာသည့်ရုပ်သံ အမေရိကန်ရဲ ဖြန့်ချိ

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်က ရဲတွေရဲ့ ခန္ဓာကိုယ်မှာ တပ်ထားတဲ့ ကင်မရာကနေ ရိုက်ကူးထားတဲ့  ရုပ်သံကို ရဲဌာနက ဖြန့်ချိလိုက်ပါတယ်။ ရဲအရာရှိတွေက တရွတ်တိုက်ဆွဲတာခံရတဲ့ အမျိုးသားတယောက်ကို အမေရိကန်နိုင်ငံ အိုကလာဟိုးမား ပြည်နယ် နော်မန်မြို့က ရဲတွေရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ တွေ့ရပါတယ်။ အသက် ၃၄ နှစ်အရွယ် မာကိုနီယာကက်စက်ဟာ ရဲတွေဆွဲခေါ်တာ ခံရအပြီး နောက်ပိုင်းမှာ ရဲအချုပ်အတွင်း သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ဖြစ်ရပ်နဲ့ပတ်သက်တဲ့ ကြေညာချက်နဲ့အတူ ဒီရုပ်သံကို နော်မန်ရဲဌာနက သူတို့ရဲ့ တရားဝင် ယူကျုအင်တာနက် ချန်နယ်ကနေ ဖြန့်ချိခဲ့တာပါ။ ကက်စီဟာ နော်မန်ဒေသန္တရဆေးရုံက ဆင်းခိုင်းချိန်မှာ ထွက်သွားဖို့ ငြင်းဆန်ခဲ့လို့ နှောင့်ယှက်မှုနဲ့ တိုင်ကြားခံရပါတယ်။ ဒါကြောင့် ည ၇ နာရီခွဲလောက်မှာ ရဲအရာရှိတွေက ဆေးရုံမှာ သူ့ကို တုံ့ပြန် အရေးယူခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။ ရဲအရာရှိတွေရဲ့ ကိုယ်ပေါ်မှာ တပ်ထားတဲ့ ကင်မရာက ရိုက်ထားတဲ့ ရုပ်သံထဲမှာ ရဲတွေက ကက်စီကို ဖျောင်းဖျဖို့ ကြိုးစားနေတာပါ။ မြေပေါ်မှာ တရွတ်ဆွဲခေါ်လာရင်း ပြောဆိုတာတွေကို တွေ့ရပါတယ်။ နာကျင်နေပုံရတဲ့ ကက်ဆီက အော်ဟစ်ချိန်မှာ ရဲအရာရှိက ခင်ဗျား တနေရာရာမှာ နေချင်လို့ ဟန်လုပ်နေတာပဲ။ ခင်ဗျား လမ်းလျှောက်အောင် လုပ်မယ်လို့ ပြောခဲ့ပါတယ်။ သူ့ကို ကလိဗ်လန်း ရဲအချုပ်မှာ ၂ နာရီကြာ ထိန်းသိမ်းထားခဲ့ပြီးတဲ့နောက် ကက်စီက မတုံ့ပြန်တော့လို့ သူ့ကို စတွေ့ခဲ့တဲ့ ဆေးရုံကို ပြန်တင်ချိန်မှာ သေဆုံးခဲ့တယ်။ ကက်စီ သေဆုံးမှုမှာ ရဲအရာရှိ နှစ်ယောက်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်တယ်ဆိုတဲ့ ညွှန်ပြချက် မရှိနေဘူးလို့ ရဲက ကြေညာချက်ထဲမှာ ပြောပါတယ်။ ဒါပေမယ့် ဒီအမှုကို အိုကလာဟိုးမားပြည်နယ် စုံစမ်းစစ်ဆေးရေး ဗျူရိုက စစ်ဆေး နေပါတယ်။ ကက်စီ သေဆုံးမှုကို လူမျိုးရေး ပစ်မှတ်ထားတဲ့ ရဲတွေရဲ့ ရက်စက်မှုအဖြစ် လူမှုကွန်ရက် အင်တာနက် သုံးသူတွေက ပြစ်တင်ခဲ့ကြတာပါ။ ကက်စီရဲ့ ဦးလေး မိုက်ကယ် ဝါရှင်တန်က ဇန်နဝါရီ ၂၈ ရက်နေ့မှာ ကက်စီအတွက် စီတန်း လှည့်လည်ပွဲ ကျင်းပဖို့ ဖေ့စ်ဘွတ်ခ် ပွဲစဉ်အစီအစဉ်ကို ဖန်တီးထားပါတယ်။
3 years Ago
Up