အမေရိကန်ရဲ ထုတ်ပြန်သတိပေး (ရုပ်သံ)

June 12, 2017

အမျိုးသမီးတဦး၏စကပ်အောက်မှ ဖုန်းဖြင့်ဓာတ်ပုံရိုက်သူရုပ်သံ အမေရိကန်ရဲ ထုတ်ပြန်သတိပေး (ရုပ်သံ)

  ဇွန်လ ၉ ရက်၊ ၂၀၁၇ ခုနှစ် ဈေးဝယ်ကုန်တိုက်ကြီးမှာ ဈေးဝယ်နေသူ အမျိုးသမီးတဦးရဲ့ စကပ်အောက်ဘက်အတွင်းပိုင်းကို အမျိုးသားတဦးက သူ့ရဲ့ဖုန်းကင်မရာနဲ့  အကြိမ်ကြိမ် ဓာတ်ပုံရိုက်နေတဲ့ အမူအကျင့်ပျက်ယွင်းတာကို ပြသတဲ့ မြင်ကွင်းကို ရဲတပ်ဖွဲ့က ထုတ်ပြန်သတိပေးလိုက်ပါတယ်။ ဒီရုပ်သံကို အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် စီဒါဖောလ်မြို့က ရဲတွေက ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ကုန်တိုက်ရဲ့စောင့်ကြည့်ကင်မရာတွေက ဖမ်းယူရိုက်ကူးမိခဲ့တဲ့ အံ့အားသင့်ဖွယ်ရာ ရုပ်သံထဲမှာ အမျိုးသမီးတဦး ဈေးဝယ်ချိန်မှာ အမျိုးသားက နောက်က လိုက်နေတာကို တွေ့ရပါတယ်။ ဓာတ်ပုံရိုက်ကူးသူက အမျိုးသမီးနောက်ကို အကြိမ်ကြိမ်လိုက်ပြီး အမျိုးသမီးက သူ့ကိုကျောပေးချိန်မှာ သူမ မသိစေပဲ အမျိုးသမီးရဲ့ အတွင်းခံကို မြင်ရမယ့် ဓာတ်ပုံတွေရအောင် စကပ်အောက်ဘက်ကို ဖုန်းကင်မရာချိန်ပြီး အလျင်အမြန် ရိုက်ကူးခဲ့တာပါ။ ဘေ့စ်ဘောလ်ဦးထုတ်နဲ့ ဂျင်းဘောင်းဘီဝတ်ဆင်ထားတဲ့ အမျိုးသားကို အဲ့ဒီဒေသက အမျိုးသမီးတွေ သတိထားစောင့်ကြည့်ဖို့ ရဲတွေက သတိပေးလိုက်ပြီး အမျိုးသမီးတွေအနေနဲ့ ဈေးဝယ်တဲ့အခါ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ဈေးဝယ်ကြဖို့ စီဒါဖောလ်ရဲချုပ်က KWWL သတင်းဌာနကို ပြောကြားချိန်မှာ အကြံပြုလိုက်ပါတယ်။ “ဘယ်သူကိုမဆို အထူးသဖြင့် အမျိုးသမီးတွေကို မှာချင်တာက လူသူရှိတဲ့နေရာတွေကို သွားပါ၊ နေပါ၊ သူငယ်ချင်းနဲ့အတူသွားပါ၊ လာပါ၊ ကိုယ့်ရဲ့ဝန်းကျင်ကို အတတ်နိုင်ဆုံး သတိရှိပါ” လို့ ရဲချုပ်က ပြောပါတယ်။ ရုပ်သံကို လွှင့်ပြီးကတည်းက အမည်မသိ ဓာတ်ပုံရိုက်ကူးသူရဲ့ လုပ်ရပ် လူမှုကွန်ရက်သုံးစွဲသူ အမျိုးသမီးတွေကြား ရိုက်ခတ်သွားပြီး မှတ်ချက်ရေးသူ အမျိုးသမီး တဦးဖြစ်တဲ့ ခရစ်စတင်းက “တယောက်ယောက်က ရှင့်ဘေးနား ကပ်လျှောက်သွားပြီး ရှင့်ကို မသင့်တော်တဲ့ ဓာတ်ပုံတွေ ရိုက်သွားတာကို ဘယ်တုန်းကမှ မထင်တားသလိုမျိုးပေါ့၊ ဘယ်တော့မှ မသိနိုင်တာမျိုး၊ ဒါက ရှင်ဘယ်တော့မှ မသိနိုင်တဲ့ ကြောက်စရာကိစ္စပဲ” လို့ ပြောသွားတာကို သည်ဆန်းသတင်းမှာ ဇွန်လ ၉ ရက်နေ့က ရေးသားထားပါတယ်။
4 years Ago
Up