အမေရိကန်ရဲအရာရှိတဦးကို သတ်မှုဖြင့် အလိုရှိနေသူကို ရိုက်ကူးထားသည့်ရုပ်သံ ဖြန့်ချိ

A d v e r t i s e m e n t With Us

November 22, 2016

အမေရိကန်ရဲအရာရှိတဦးကို သတ်မှုဖြင့် အလိုရှိနေသူကို ရိုက်ကူးထားသည့်ရုပ်သံ ဖြန့်ချိ

ရဲအရာရှိတဦးကိုသတ်မှုနဲ့ အလိုရှိနေတဲ့ အမျိုးသားပုံကို လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ရုပ်သံ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် စန်အန်တိုနီယိုမြို့ ရဲဌာနက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က သူဟာ ရဲဌာနချုပ် သွားခဲ့တာကို ရုပ်သံက ပြသထားပြီး လူသတ်သမားကို ရှာနေဆဲပါ။ စန်အန်တိုနီယို ရဲတပ်ဖွဲ့က အသက် ၅၀ အရွယ် ဘင်ဂျမင် မာကိုနီဟာ စစ်သက် နှစ် ၂၀ ရှိတဲ့ စစ်ပြန်ဖြစ်ပြီး မြို့တွင်းက ရဲဌာနချုပ်အပြင်ဘက် မီးပွိုင့်နားမှာ ပုံမှန်အဖြစ် ရဲကားထဲထိုင်နေတုန်း အသေပစ်သတ်ခံခဲ့ရပါတယ်။ တိုက်ခိုက်သူက ရဲကားနောက်မှာ သူ့ကားကိုရပ်ပြီး လက်မှတ်ရေးနေတဲ့ ရဲအရာရှိကို ကားပြတင်းပေါက်ကတဆင့် ခေါင်းကို ပစ်သတ်ခဲ့တာလို့ ရဲချုပ် ဝီလီယံ မက်မာနပ်စ်က ပြောပါတယ်။ တိုက်ခိုက်သူဟာ ဒုတိယအကြိမ် ရဲအရာရှိကို ထပ်ပစ်ခတ်အပြီး သူ့ကားဆီပြန်လာရင်း မောင်းပြေးသွားခဲ့ပါတယ်။ "ပြည်နယ်ရဲတွေနဲ့ ပြည်ထောင်စုရဲတွေကို အကြောင်းကြားပြီး ဒီလူကိုရှာဖို့ စစ်ဆေးရေးဂိတ်တိုင်းကို တပ်လှန့်ပြီးပြီ၊ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းကတည်းက ရှာဖွေရေး စနေတယ်၊ ညလုံးပေါက် မရပ်ဘူး၊ တရားရုံးကို ဒီလူကို မပို့ရသေးမချင်း မရပ်ဘူး" လို့ ရဲချုပ်က ပြောပါတယ်။
4 years Ago
Up