အမေရိကန်ဒရုန်းယာဉ်ကို

October 15, 2017

အမေရိကန်ဒရုန်းယာဉ်ကို တာလီဘန်များ ပစ်ချ

အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန် မောင်းသူမဲ့ ဒရုန်းယာဉ်တစီးကို တာလီဘန်တွေက ပစ်ချခဲ့ပါတယ်။ အမေရိကန် မောင်းသူမဲ့ ဒရုန်းယာဉ် (ယူအေဗွီ) ကို သူတို့ ပစ်ချလိုက်တာလို့ တာလီဘန်တွေက အခိုင်အမာ ပြောလိုက်ပါတယ်။ ဒါ့အပြင် အာဖဂန်နိုင်ငံရဲ့ နန်ဂါဟာခရိုင်အတွင်း ဘတီကော့ဒေသက ရှင်ဝါရိုဧရိယာမှာ သံချပ်ကာ ကားတစီးကိုလည်း ဖောက်ခွဲခဲ့ပြီး လူ ၂ ဦး သေကာ လူ ၃ ဦး ဒဏ်ရာရစေခဲ့တာလည်း သူတို့လက်ချက်ပဲလို့ တာလီဘန်တွေက ပြောပါတယ်။ ဒီအမေရိကန်ဒရုန်းယာဉ်က အာဖဂန်မြောက်ပိုင်း ကန်ဒက်ဇ်မြို့မှာ ပစ်ချခံရတာလို့ သိရပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့ အမေရိကန်ဒရုန်းယာဉ်တိုက်ခိုက်မှုကြောင့် နိုင်ငံရဲ့ အရှေ့ဘက် ကူနာခရိုင်မှာ အိုက်အက်စ်စစ်သွေးကြွ ၁၄ ဦး သေဆုံးခဲ့တယ်လို့ အာဖဂန် အာဏာပိုင်တွေက အောက်တိုဘာ ၁၄ ရက်နေ့က ပြောလိုက်ပြီး အဲဒီနေရာဟာ ဒရုန်းယာဉ် ပစ်ချခံရတဲ့နေရာကနေ ကားနဲ့သွားရင် ၈ နာရီ ကြာတယ်လို့ ဆိုပါတယ်။
4 years Ago
Up