အမေရိကန်ဒု-သမ္မတ

February 16, 2018

မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူမှု ဆက်လုပ်သွားမည်ဟု အမေရိကန်ဒု-သမ္မတ ပြော

မြောက်ကိုရီးယားနဲ့ စကားပြောဖို့ လမ်းဖွင့်ထားပေမယ့် ပိတ်ဆို့အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ အမေရိကန်ဒု-သမ္မတ မိုက်ပန့်စ်က ပြောကြားသွားပါတယ်။ အက်စ်စီယို (Axios) အမေရိကန်သတင်းဌာနက အမေရိကန်ဒု-သမ္မတ မိုက်ပန့်စ်ကို ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ဆုံမေးမြန်းရာမှာ မိုက်ပန့်စ်က အဲဒီလိုပြောကြားသွားတာပါ။ “တိတိကျကျပြောရမယ်ဆိုရင် ကျေန်ာတို့အပေါ် မြောက်ကိုရီးယားက နားလည်သဘောပေါက်အောင် လုပ်ချင်ပါတယ်။ တကယ်လို့ မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ မူဝါဒနဲ့အညီ မြောက်ကိုရီးယားနဲ့ ဆက်သွယ်စကားပြောခွင့်ရမယ်ဆိုရင် သမ္မတအနေနဲ့က စကားပြောတဲ့ကိစ္စအပေါ် ယုံကြည်မှုရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ဒါပေမယ့် အဲဒီလို စကားပြောတာဟာ တွေ့ဆုံဆွေးနွေးတာနဲ့ အတူတူလို့တော့ သတ်မှတ်လို့မရပါဘူး။ စကားပြောတယ်ဆိုတဲ့ကိစ္စက တနိုင်ငံနဲ့ တနိုင်ငံ နားလည်မှုရဖို့ပါ။ “တောင်ကိုရီးယား၊ ဂျပန်နဲ့ ကျေန်ာတို့ ရှင်းရှင်းလင်းလင်း ပြောထားတာက အခု တောင်နဲ့ မြောက်ကိုရီးယားတို့ရဲ့ စကားပြောနေပေမယ့်လည်း ကျနော်တို့ကြားမှာ မျှဝေလက်ခံထားတဲ့ သန္နိဋ္ဌာန်ဖြစ်တဲ့ မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကို ထာဝရစွန့်လွှတ်ရမယ်။ ကိုရီးယားကျွန်းဆွယ် နျူလက်နက်ကင်းရေးဆိုတာကို လက်ခံရမယ်ဆိုတဲ့ ကိစ္စကို ကျနော်တို့ တညီတညွတ်တည်း ရပ်တည်နေဆဲပါ။ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး တိုးတက်မှုတစုံတရာမလုပ်ခင် အချိန်အထိ ကျနော်တို့ မျှဝေလက်ခံထားတဲ့ သန္နိဋ္ဌာန်က ဆက်လက်တည်မြဲနေဆဲပါ” လို့ အမေရိကန်ဒု-သမ္မတ မိုက်ပန့်စ်က ပြောကြားသွားပါတယ်။
4 years Ago
Up