အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်ရဲ့ စည်ကားရှုပ်ထွေးတဲ့ အဝေးပြေးလမ်းမပေါ်မှာ အောက်တိုဘာ ၁၄ ရက်နေ့က နွားတကောင် လျှောက်ပြေးနေလို့ လုံခြုံရေးရဲ တားဆီးရာကနေ နွားက ရဲကို ၀င်ရောက်တိုးဝှေ့လို့ သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံ NBC ရုပ်သံက အစီရင် ခံပါတယ်။
လွတ်ထွက်လာတဲ့ နွားက ကားရှုပ်တဲ့ US 60 အဝေးပြေး လမ်းမကြီးပေါ်က လမ်းပိုင်းမှာ လျှောက်သွားနေခဲ့လို့ ယာဉ်ကြော အနှောင့်အယှက် ဖြစ်ခဲ့တာပါ။
လျှောက်ပြေးနေတဲ့ နွားကို ရဲအရာရှိတွေ လိုက်ဖမ်းခဲ့လို့ ယာဉ်ကြော တစိတ်တပိုင်း ရပ်တန့်ခဲ့တယ်လို့ ဒေသခံ မီဒီယာက ပြောပါတယ်။
နွားက ဘယ်လိုဖြစ်ပြီး လမ်းပေါ် ရောက်လာတယ်ဆိုတာ မသိဘူးလို့ အရီဇိုးနား သယ်ယူပို့ဆောင်ရေးဌာနက NBC ရုပ်သံကို ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် နွား သေလား ရှင်လား မသိရသေးပါဘူး။
5 years Ago