အမေရိကန်တွင် မြိုတွင်းကြီးတခုထဲ ရေဂါလန် ၁၆၀၀ ပါ ကုန်တင်ကားကြီး ပြုတ်ကျ

January 18, 2017

အမေရိကန်တွင် မြိုတွင်းကြီးတခုထဲ ရေဂါလန် ၁၆၀၀ ပါ ကုန်တင်ကားကြီး ပြုတ်ကျ (ရုပ်သံ)

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ဟောလ်မြို့ ဂိုင်းနက်စ်ဗယ်လီဒေသနားက အဝေးပြေးလမ်းနားမှာ ကြီးမားတဲ့ မြိုတွင်းတခုထဲကို ၁၆ ဘီးတပ် ကုန်တင်ကားတစီး ပြုတ်ကျခဲ့တဲ့အတွက် ယာဉ်ကြောပိတ်ဆို့ခဲ့တယ်လို့ ဒေသခံမီဒီယာက ဇန်နဝါရီ ၁၇ ရက်နေ့မှာ အစီရင်ခံပါတယ်။ ကုန်ကားဟာ ရေဂါလံ ၁၆၀၀ ကို တင်လာခဲ့တာလို့ မြို့နယ်မီးသတ်ပြောခွင့်ရက မီဒီယာကို ပြောပါတယ်။ လောင်စာယိုဖိတ်မှုကြောင့် အခြေအနေကို အရှိအတိုင်း ကိုင်တွယ်ဖြေရှင်းနိုင်ရေး စစ်ဆေးဖို့ ဂျော်ဂျီယာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဌာနခွဲကို အစီရင်ခံခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဆိုပြီး ထိခိုက်ဒဏ်ရာရရှိမှု အစီရင်ခံစာတော့ မရှိသေးပါဘူး။
5 years Ago
Up