အမေရိကန်တွင် လေးထပ်ကားဂိုဒေါင်ပေါ်မှ ကားတစီးပြုတ်ကျ (ရုပ်သံ)

March 25, 2016

အမေရိကန်တွင် လေးထပ်ကားဂိုဒေါင်ပေါ်မှ ကားတစီးပြုတ်ကျ (ရုပ်သံ)

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘော်လ်တီမိုးမြို့နယ်ရဲတွေက လေးထပ် ကားဂိုဒေါင်ကနေ ကားတစီး အရှိန်လွန် ပြုတ်ကျလာပုံ လုံခြုံရေး ကင်မရာက ရိုက်ကူးထားတဲ့ ရုပ်သံကို ဖြန့်ချိလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး လင်ဒ်ဆေး တေလာ ကွတ်ခ်ဟာ မတ်လ ၁၄ ရက်နေ့က ကားရပ်ဖို့ နေရာထဲဝင်ပြီး ကားရပ်ဖို့ကြိုးစားရင်း ကွန်ကရစ် အရံအတားတွေကို တိုက်မိခဲ့တာပါ။ သူ့ရဲ့ ကား Audi Q5 SUV ဟာ အောက်မှာ ရှိနေတဲ့ လူသွားစင်္ကြန်ပေါ် ကျခဲ့ပါတယ်။ ဒီမတော်တဆမှုအတွင်း ကားမောင်းသူက ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ပါဘူး။ ဒါပေမယ့် သူ့ကို ဒေသတွင်း ဆေးရုံတခုဆီ ကုသခံယူဖို့ ခေါ်သွားခဲ့ပါတယ်။ မတော်တဆ ဖြစ်ချိန်မှာ ကားက လူသွားစင်္ကြန်ပေါ်ကို ဇောက်ထိုးပြုတ်ကျလာခဲ့ပြီး လမ်းပေါ်မှာတော့ လူသွားလူလာ မရှိခဲ့ပါဘူး။
6 years Ago
Up