အမေရိကန်တွင် လေယာဉ်ငယ်တစီး ၀ိုင်ခြံထဲ ထိုးကျ

February 28, 2017

အမေရိကန်တွင် လေယာဉ်ငယ်တစီး လူနေအိမ်ပေါ်ပျက်ကျ၊ အနည်းဆုံး လူ ၄ ဦး ပျောက်ဆုံး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ရေးဗားဆိုက် (Riverside) မြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က လေယာဉ်ငယ်တစီး လူနေအိမ်ပေါ် ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၄ ဦး ပျောက်ဆုံးနေကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် KABC သတင်းမှာတော့ အနည်းဆုံး လူတဦးသေဆုံးတယ်လို့ ဖော်ပြပါတယ်။ ရေးဗားဆိုက်မြို့ဟာ လော့စ်အိန်ဂျလိစ်မြို့အရှေ့ဘက် မိုင် ၆၀ အကွာမှာ တည်ရှိပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်က ရေးဗားဆိုက် မြူနီစီပယ် (Riverside Municipal) လေယာဉ်ကွင်းကနေ ပျံတက်လာတဲ့ အဲဒီလေယာဉ်ငယ်ဟာ ရွန်ဒီလမ်းမကြီးနဲ့ ဒယ်ဝေလမ်းအနီး နေအိမ်တလုံးပေါ် အရင်ဆုံး ပျက်ကျခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယနေအိမ်ကိုဝင်တိုက်ပြီး မီးထလောင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီလေယဉ်ပေါ်မှာ လူဘယ်နှစ်ဦး လိုက်ပါလာသလဲဆိုတာ အတိအကျ မသိရသေးကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago

May 13, 2016

အမေရိကန်တွင် လေယာဉ်ငယ်တစီး ၀ိုင်ခြံထဲ ထိုးကျ

လေထီးခုန်သမား ၁၇ ဦးကို သယ်ဆောင်လာတဲ့ လေယာဉ်ငယ်လေးက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ၀ိုင်ခြံထဲမှာ ထိုးကျသွားပါတယ်။ မေ ၁၂ ရက် လော်ဒီမြို့မြောက်ဘက် ၀ိုင်ခြံထဲမှာ ထိုးကျခဲ့တာဖြစ်ပြီး ပါလာတဲ့သူတွေကတော့ ထိခိုက်ပွန်းရှတာကလွဲပြီး ကြီးမားတဲ့ ဒဏ်ရာ မရခဲ့ဘူးလို့ ဆိုပါတယ်။ လေယာဉ်မှူးက လေယာဉ်ကို လေယာဉ်ကွင်းဆီ ပြန်လည့်ဖို့ ကြိုးစားခဲ့ရာမှာ လေယာဉ်ကွင်းနဲ့ တမိုင်လောက်သာဝေးတဲ့ ၀ိုင်ခြံထဲကို ထိုးကျသွားတာ ဖြစ်ပါတယ်။ လေယာဉ်တိမ်းမှောက်တဲ့ ပုံစံကြောင့် အဆိုးဆုံးကို မျှော်လင့်နေပေမယ့် ဒီနေရာကို ရောက်သွားရာမှာတော့ အားလုံးက လေယာဉ်ဘေးမှာ ထွက်ပြီး ရပ်နေတယ်လို့ အရာရှိတဦးက ပြောပါတယ်။ လေယာဉ်ကို လျှပ်စစ်ဓာတ်ကြိုးတွေအောက်ကနေ ပျံသန်းပြီး လူနေအိမ်တွေနဲ့ ပေ ၇၀ အကွာမှာ ထိုးဆင်းခဲ့တဲ့ လေယာဉ်မှူးရဲ့ အရည်အချင်းကိုလည်း ချီးကျူးပြောဆိုနေပါတယ်။ လေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
6 years Ago
Up