အမေရိကန်တွင် နေအိမ်များ  တောမီးလောင်ကျွမ်းမည့်

December 5, 2017

အမေရိကန်တွင် နေအိမ်များ  တောမီးလောင်ကျွမ်းမည့်အန္တရာယ် ရင်ဆိုင်နေရ

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မြောက်ပိုင်းက တောင်ကုန်းခြေရင်းမှာ တောမီး အမြန်ကူးစက် လောင်ကျွမ်းနေတာကြောင့် မနေ့က ရာနဲ့ချီတဲ့ အိမ်တွေ တောမီးလောင်ခံရမယ့် ဘေး ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် အနားက ဒေသခံတွေနဲ့ ကောလိပ်ကျောင်း တကျောင်းက ကျောင်းသားတွေကို ဘေးကင်းအောင် ရွှေ့ပြောင်းထားတယ်လို့ မီးသတ်နဲ့ ကျောင်းအရာရှိတွေက ပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဗန်တူရာမြို့နယ်က အိမ်ခြေ ၆ ၀၀ ကျော်လောက်ကိုလည်း အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းဖို့ ပြောထားတယ်လို့ ဗန်တူရာမြို့နယ် အရာရှိတွေက တွစ်တာ လူမှုကွန်ရက်ကနေ ပြောပါတယ်။ ဒီမြို့ဟာ လော့စ်အိန်ဂျလိစ်မြို့ကနေ အနောက်မြောက်ဘက် မိုင် ၇၀ အကွာမှာ ရှိပါတယ်။ တောမီးကတော့ ဧက ငါးထောင်လောက်ကို လောင်ကျွမ်းခဲ့ပြီးပါပြီ။ လေပြင်းက ၁ နာရီ မိုင် ၇၀ နှုန်း တိုက်ခတ်နေလို့ တောမီးကူးစက်မှု လျင်မြန်ခဲ့တာပါ။ တောမီးကြောင့် အဆောက်အဦ အနည်းဆုံး ၂ ခု လောင်ကျွမ်းခဲ့ပြီးပြီ၊ မြို့နယ်တွင်း အထက်တန်း ကျောင်းတကျောင်းမှာ ကယ်ဆယ်ရေးဌာနတွေ ဖွင့်ထားတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။
3 years Ago
Up