အမေရိကန်တွင် ထောင်ဖောက်ပြေးသူ ၆ ဦးအနက် ၃ ဦးကို ပြန်ဖမ်းမိ

December 27, 2016

အမေရိကန်တွင် ထောင်ဖောက်ပြေးသူ ၆ ဦးအနက် ၃ ဦးကို ပြန်ဖမ်းမိ (ရုပ်သံ)

အမေရိကန်နိုင်ငံ တင်နက်စီပြည်နယ်ကနေ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ထောင်သား ၆ ဦးထဲက ၃ ဦးကို အာဏာပိုင်တွေက ဒီဇင်ဘာ ၂၆ ရက်မှာ ပြန်ဖမ်းမိခဲ့ပါတယ်။ ထောင်သားတွေဟာ ခရစ္စမတ်နေ့ မနက်အစောပိုင်းက ထောင်အတွင်း၊ သန့်စင်ခန်း အနောက်ဘက်ကို အပေါက်ဖောက်ပြီး အဲဒီကတဆင့် ထွက်ပြေးခဲ့တာလို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။ တိုက်ခိုက်မှုအပြီး ထောင်သား ၃ ဦးကို သီးခြားစီ ဖမ်းဆီးနိုင်ခဲ့ပေမယ့် ကျန် ၃ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
5 years Ago
Up