အမေရိကန်တွင် အဝေးပြေးလမ်းမ ကုန်းကျော်တံတားအောက် မီးလောင်ပြီး လမ်းပိုင်းတခုပြိုကျ

March 31, 2017

အမေရိကန်တွင် အဝေးပြေးလမ်းမ ကုန်းကျော်တံတားအောက် မီးလောင်ပြီး လမ်းပိုင်းတခုပြိုကျ (ရုပ်သံ)

မတ်လ ၃၀ ရက်နေ့က အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့အနီးက အမှတ် ၈၅ အဝေးပြေးလမ်းမကြီးရဲ့ ကုန်းကျော်တံတားတခုအောက်မှာ မီးလောင်ကျွမ်းတာကြောင့် လမ်းပိုင်းတခု ပြိုကျပျက်စီးခဲ့ပါတယ်။ သေဆုံးမှုရှိတယ်လို့ မကြားရပေမယ့် အနားကလမ်းတွေအားလုံးကို ပိတ်ထားတာကြောင့် အဲဒီနေရာကို ရှောင်သွားကြဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက တွစ်တာမှာ ရေးသားခဲ့ကြပါတယ်။ အခုချိန်ထိတော့ မီးလောင်ကျွမ်းရခြင်းရဲ့ အကြောင်းရင်းကို မသိရသေးပါဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up