အမေရိကန်တွင် အမျိုးသမီးကို တိုက်ခိုက်ပြီး ကားလုသည့်ရုပ်သံ ဖြန့်ချိ

A d v e r t i s e m e n t With Us

May 14, 2016

အမေရိကန်တွင် အမျိုးသမီးကို တိုက်ခိုက်ပြီး ကားလုသည့်ရုပ်သံ ဖြန့်ချိ

အမေရိကန်ပြည်ထောင်စု အတ္တလန်တာရဲတွေက အမျိုးသမီးကို တိုက်ခိုက်ပြီး ကားကို ခိုးယူသွားတဲ့ အမျိုးသား ၂ ဦးကို ရှာဖွေနေပါတယ်။ မေ ၁၃ ရက်ညက ဓာတ်ဆီဆိုင်မှာ အိမ်ယာမဲ့တဦးကို ဂျက်စမင်း ၀ါရန်က ပိုက်ဆံပေးပြီး ပြန်လှည့်လာရာမှာ သေနတ်ကိုင်ထားတဲ့ လူငယ် ၂ ဦးက တိုက်ခိုက်ခဲ့တာကို လုံခြုံရေး ကင်မရာက ရိုက်ကူးထားပါတယ်။ ရုပ်သံဖိုင်အရ လူငယ်က ဂျက်စမင်းကို ရိုက်နှက်ခဲ့ပါတယ်။ အမျိုးသားမျက်လုံးကို စိုက်ကြည်စဉ်မှာ စိုးရွံ့မှုကို တွေ့ရတဲ့အတွက် ဂျက်စမင်းက ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ ဒီနောက် အမျိုးသား ၂ ဦးလုံး ကားထဲကို ၀င်သွားပြီး ကားကို မောင်းဖို့ ကြိုးစားပေမယ့် ဂျက်စမင်းက ကားတံခါးကို ဖွင့်ပြီး ကားသော့ရဖို့ ကြိုးစားခဲ့ပါတယ်။ ဒီနောက်သော့ကို ချိုးဖျက်ခဲ့တဲ့အတွက် ခိုးတဲ့သူတွေက မခိုးနိုင်တော့ပဲ ဖုန်းကိုသာ ယူပြီး ထွက်ပြေးသွားတာလို့ ဆိုပါတယ်။ ဗွီဒီယိုဖိုင်ထဲက ရုပ်သံမှာပါတဲ့ လူငယ်၂ ဦးကို ဒီနေရာမှာ မတွေ့ရပေမယ့် ဖမ်းဆီးဖို့ ရဲက ကြိုးစားလုပ်ဆောင်နေပါတယ်။
5 years Ago
Up