အမေရိကန်ပြည်ထောင်စု ပင်ဆာဗေးနီးယားပြည်နယ် တန်နာစ်ဗေးလ်မြို့မှာ သြဂုတ် ၂၈ ရက်နေ့က သီလရှင်ဝတ်ရုံဝတ်ထားတဲ့ လက်နက်ကိုင် အမျိုးသမီးနှစ်ဦး ဘဏ်ကို ဓားပြတိုက်ခဲ့ပါတယ်။
မီဒီယာတွေရဲ့ အဆိုအရ Citizens Bank ဘဏ်ခွဲတခုကို ဓားပြတိုက်ခဲ့တာဖြစ်ပြီး အခုအခါ အက်ဖ်ဘီအိုင်နဲ့ ဒေသရဲတပ်ဖွဲ့ဟာ အဲဒီ လက်နက်ကိုင်အမျိုးသမီးနှစ်ဦးကို လိုက်လံရှာဖွေလျက် ရှိပါတယ်။
သီလရှင်ဝတ်ရုံဝတ် အမျိုးသမီးနှစ်ဦးဟာ ဘဏ်အတွင်းကို ဝင်ရောက်လာပြီး ပစ္စတိုသေနတ်တွေထုတ်ကာ ဘဏ်ဝန်ထမ်းဆီကနေ ငွေတောင်းခံခဲ့ပါတယ်။
အဲဒီအမျိုးသမီးတွေဟာ ကိုယ်လုံးကိုယ်ဖန် အလယ်အလတ်ရှိတဲ့ စပိန်အနွယ် အမျိုးသမီးနှစ်ဦးဖြစ်ပြီး သူတို့ဟာ လက်နက်ကိုင်ဆောင်ထားတာမို့ အန္တရယ်ရှိတယ်လို့ ယူဆထားပါတယ်။
အဲဒီသီလရှင်ဝတ်ရုံဝတ် အမျိုးသမီးနှစ်ဦးရဲ့ ပုံတွေကို ဘဏ်ရှိ စီစီတီဗွီကင်မရာကနေ ရိုက်ကူးထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago