အမေရိကန်တွင် လိင်ပြောင်းသူများ သန့်စင်ခန်း မူဝါဒ ပြောင်းလဲပေးရန် တောင်းဆို

A d v e r t i s e m e n t With Us

March 24, 2018

အမေရိကန်တွင် လိင်ပြောင်းထားသူအများစုကို စစ်မှုထမ်းခွင့် ပိတ်ပင်

  လိင်ပြောင်းထားသူအများစုအား စစ်မှုထမ်းခွင့်ပိတ်ပင်တဲ့ ညွှန်ကြားချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မတ်လ ၂၃ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ညွှန်ကြားချက်ထဲမှာ ခြွင်းချက်အနေနဲ့ အခြေအနေအရ တာဝန်ထမ်းဆောင်ခွင့် ပေးထားပါတယ်။ လိင်ပြောင်းလဲထားပြီး ဆေးသောက်ဖို့ ဒါမှမဟုတ် ဆက်လက်ခွဲစိတ် ကုသမှုခံယူဖို့ လိုအပ်နေတဲ့ လိင်အဂါင်္ ပြောင်းလဲထားသူတွေဟာ စစ်မှုထမ်းခွင့်မရှိဘူးလို့ ဖော်ပြထားပါတယ်။ သက်ဆိုင်ရာဌာန အာဏာပိုင်တွေအနေနဲ့ လိင်ပြောင်းလဲထားသူတွေ စစ်မှုထမ်းမှုမှာ သင့်လျှော်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ချမှတ်နိုင်တယ်လို့လည်း ညွှန်ကြားပါတယ်။ လိင်ပြောင်းလဲထားတဲ့ သူတွေဟာ ကျေနပ်မှုနည်းလို့ ကြောင့်ကြစိတ်များတဲ့ ဝေဒနာ သမိုင်းကြောင်းရှိလို့ စစ်တပ်ရဲ့ စွမ်းဆောင်ရည် ထိရောက်မှု ထိခိုက်စေတာကို ကာကွယ်ရေးဝန်ကြီး ဂျင်မ် မက်တစ်က တွေ့ရှိခဲ့တယ်လို့လည်း အိမ်ဖြူတော်က မတ်လ ၂၃ ရက်နေ့မှာ ပြောကြားထားပါတယ်။ ပြည်ထောင်စု တရားသူကြီးတွေကတော့ ထရမ့်ရဲ့ ပိတ်ပင်မှုဟာ ဥပဒေအောက်မှာ တန်းတူညီမျှ ကာကွယ်ရေး အမေရိကန် အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့ ပြောရင်း ပိတ်ပင်ခဲ့တာပါ။ ပင်တဂွန် စစ်ဌာနချုပ်ကလည်း ပြည်ထောင်စုဥပဒေကို ဆက်လက် ကျင့်သုံးမယ်လို့ မနေ့က အတည်ပြု ပြောဆိုခဲ့ပါတယ်။
3 years Ago

May 26, 2016

အမေရိကန်တွင် လိင်ပြောင်းသူများ သန့်စင်ခန်း မူဝါဒ ပြောင်းလဲပေးရန် တောင်းဆို

အစိုးရကျောင်းတွေမှာ လိင်ပြောင်းလဲထားသူတွေ  သန့်စင်ခန်း အသုံးပြုမှုနဲပတ်သက်လို့ သမ္မတ အိုဘားမားအစိုးရက နောက်ဆုံး ထုတ်ပြန်ထားတဲ့ မူဝါဒကို ပြန်ပြောင်းပေးဖို့ ပြည်နယ် ၁၁ ခုက  တောင်းဆိုထားပါတယ်။ လိင်ပြောင်းလဲထားတဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ကိုယ်နဲ့ သင့်တော် အပ်စပ်တဲ့ သန့်စင်ခန်းတွေကို အသုံးပြုဖို့ အစိုးရက ညွန်ကြားထားကို ပြန်ပြောင်းပေးဖို့ တောင်းဆိုကြတာပါ။ သမ္မတ အိုဘားမား အစိုးရက အရင်တပတ် တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ညွန်ကြားချက်အရ လိင်ပြောင်းလဲထားသူတွေအနေနဲ့ သူတို့ စိတ်ကြိုက် သန့်စင်ခန်းတွေကို အသုံးပြုနိုင်တယ်လို့ ပါရှိပါတယ်။ ဒါကို ရီပက်ဘလစ်ကန်တွေက ဒေါသထွက်ခဲ့ကြပြီး တရားစွဲတဲ့ ပြည်နယ်တွေကလည်း ရီပက်ဘလစ်ကန်တွေ အုပ်ချုပ်ထားတဲ့ပြည်နယ်တွေပါ။ တက္ကဆက်ပြည်နယ်၊ အလာဘားမား၊ ၀က်စ်ကွန်ဆန်၊ ဗာဂျင်းနီးယား၊ တန်နက်စီ၊ အိုကလာ ဟိုးမား၊ လူဝီစီယားနား၊ အူးတက်၊ ဂျော်ဂျီယာ၊ အရီဇိုးနား ပညာရေးဌာန၊ မိန်းပြည်နယ် အုပ်ချုပ်ရေးမှူးတို့ ပါဝင်ပါတယ်။
5 years Ago
Up