အမေရိကန်ပြည်ထောင်စုမှာ လာရောက်နေထိုင်သူတွေကို နောက်ယောင်ခံမယ့် ကွန်ပြူတာစနစ်တခု ထားရှိမယ်လို့ ရီပတ်ပလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က သြဂုတ် ၂၇ ရက်နေ့က ပြောပါတယ်။
နိုင်ငံအတွင်း ဗီဇာနဲ့ နေထိုင်သူတွေ ရက်လွန် ခိုးနေတာမျိုးမရှိအောင် အ၀င်အထွက်ကို တိတိကျကျစိစစ်မယ့် စနစ်တခုကို ထားရှိမယ်လို့ အိုင်အိုဝါ ပြည်နယ်မဲဆွယ်ပွဲတခုမှာပြောဆိုတာပါ။
နိုင်ငံတောင်ပိုင်း မက္ကဆီကိုနယ်စပ်တလျှောက် အုတ်တံတိုင်းကာရံမယ့်ကိစ္စကို ထပ်မံပြောဆိုခဲ့ပြီး နိုင်ငံအတွင်း တရားမ၀င်နေထိုင်သူတွေကို အစိုးရထောက်ပံ့မှုတွေလည်း ရပ်ဆိုင်းမယ်လို့ ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု လူဝင်မှုတင်းကျပ်ရေးဟာ သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ အဓိက မဲဆွယ်စည်းရုံးရေးကိစ္စတခုဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း တရားမ၀င်နေထိုင်သူ ၁၁ သန်းကို ပြန်လွှတ်မယ်လို့ အရင်က ပြောဆိုခဲ့တာရှိပေမယ့် ရာဇ၀တ်မှုကျူးလွန်သူတွေကိုပဲ ပြန်လွှတ်မယ်လို့ ပြီးခဲ့တဲ့တပတ်ကပြောဆိုခဲ့ပြီး သူ့ရဲ့တင်းမာတဲ့ ရပ်တည်မှုကို ဖြေလျော့မှုပြသခဲ့ပါတယ်။
5 years Ago