အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီက ပုလဲကျွန်းအနီးမှာ အရပ်သား ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ပြီး စီးနင်းသူ တဦးတယောက်မှ သေဆုံးတာမရှိဘူးလို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်က ရဟတ်ယာဉ်ဟာ ပင်လယ်ကမ်းခြေအနီးက ရေထဲကို ပျက်ကျခဲ့တာဖြစ်ပြီး လိုက်ပါသူ ၅ ဦးလုံး ဘေးကင်းလုံခြုံစွာ ရှိနေတယ်လို့ ဆိုပါတယ်။
အစောပိုင်းသတင်းတွေမှာတော့ လိုက်ပါစီးနင်းတဲ့ အသက် ၁၆ နှစ်အရွယ် ကလးတဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
လိုက်ပါစီးနင်းသူ အသက် ၅၀ နှစ်ရှိ အမျိုးသားနဲ့ ၄၅ နှစ်အရွယ် အမျိုးသမီးတို့ကို ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အခြေအနေက တည်ငြိမ်နေပြီလို့ သတင်းတွေက ရေးပါတယ်။
လိုက်ပါတဲ့လူ ၅ ဦးစလုံး ကုန်းပေါ်ကို လုံခြုံစွာ ရောက်ရှိခဲ့သလို ဆေးကုသမှု ခံယူနေတယ်လို့ ဟာဝိုင်အီ ပစိဖိတ် ကမ်းခြေစောင့် တာဝန်ရှိသူတဦးက လူမှုကွန်ရက် တွစ်တာမှာ ရေးသားထားတာကို ကိုးကားပြီး သတင်းက ရေးပါတယ်။
ရဟတ်ယာဉ်က ၁၉၇၉ ဘဲလ် ၂၀၆ ဘီ အမျိုးအစားဖြစ်ပြီး ပုဂ္ဂလိကပိုင်ဖြစ်တယ်လို့ ဆိုပါတယ်။
5 years Ago